
ဂျူဗင်တပ်စ်အသင်းသည် ဂါလာစာရေးအသင်းတွင် အငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို ငွေသားအပြင် ကစားသမားအလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေသည့်အပြင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်အား လာမည့်နွေတွင် ရောင်းထုတ်ပြီး ၎င်း၏နေရာတွင် အိုဆင်မန်အား အစားထိုးခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
tuttosport ၏ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် အိုဆင်မန်အား ခေါ်ယူရန်အတွက် ငွေသားအပြင် အသင်းနောက်ခံကစားသမား ဂက်တီကိုပါ အလိုက်ပေးရန် စီစဉ်နေကြောင်း သိရှိရသည်။
အိုဆင်မန်သည် နာပိုလီအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး လာမည့်နွေရာသီတွင် ၎င်း၏စာချုပ်လျော်ကြေး ပေါင် (၇၅)သန်းသို့ လျော့ကျသွားမည် ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
နာပိုလီအသင်းသည် အသင်းနှင့်စာချုပ် သက်တမ်းတစ်နှစ်ကျော်သာ ကျန်ရှိတော့သည့် အိုဆင်မန်အားလာမည့်နွေတွင် ရောင်းထုတ်မည်ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းက ငွေသားအပြင် ကစားသမားပါ အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။
အိုဆင်မန်သည် ယခုရာသီတွင် အငှားသွားရောက်ကစားနေသည့် ဂါလာတာစာရေးအသင်း၌ ပြိုင်ပွဲစုံ ပွဲ (၃၀)တွင် (၂၆) ဂိုးအထိ သွင်းယူထားပြီး ၎င်းကို ခေါ်ယူရန် ချယ်လ်ဆီးအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်းသိရသည်။