Eleven Media Group

ဂရင်းဝုဒ်၏ အပြောင်းအရွှေ့မှ ပေါင်(၁၅)သန်းထပ်ရရန် မန်ယူအသင်း မျှော်လင့်နေ

Photo: X

မန်ယူအသင်းသည် မာဆေးလ်အသင်းထံ ရောင်းထုတ်ထားသည့် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်၏ အပြောင်းအရွှေ့မှ ပေါင်(၁၅)သန်းထပ်ရရန် မျှော်လင့်နေကြောင်း သိရသည်။
မန်ယူအသင်းသည် မာဆေးလ်အသင်းအနေဖြင့် ဂရင်းဝုဒ်ကို အခြားအသင်းတစ်သင်းထံ ရောင်းချခဲ့ပါက အဆိုပါပြောင်းရွှေ့ကြေး၏ (၅၀%) ရရှိမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသည့်အတွက် ယခုကဲ့သို့ မျှော်လင့်နေကြောင်း သိရသည်။
မာဆေးလ်အသင်းတွင် ပုံစံကောင်းပြနေသည့် ဂရင်းဝုဒ်ကို PSG၊ ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေပြီး လက်ရှိတွင် ဂရင်းဝုဒ်အနေဖြင့် မာဆေးလ်နည်းပြ ဒီဇယ်ဘီနှင့် အဆင်မပြေဖြစ်နေသည့်အတွက် ပေါင်သန်း(၃၀)ဝန်းကျင်ဖြင့် အပြောင်းအရွှေ့ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများရှိနေသည်။
ဂရင်းဝုဒ်သည် မန်ယူအသင်းတွင် အနာဂတ်ကြယ်ပွင့်ဖြစ်လာမည့်သူဟု ထင်ကြေးပေးခံခဲ့ရသော်လည်း လူမှုရေးအရှုပ်အထွေးကြောင့် အသင်းနှင့် လမ်းခွဲခဲ့ရခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group