ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အာဂျင်တီးနားက အဝေးကွင်းမှာ ဥရုဂွေးကို (၁-ဝ)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ အာဂျင်တီးနားအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ လူငယ်တိုက်စစ်ကစားသမား သီယာဂိုအယ်လ်မာဒါက (၁၈)ကိုက်စည်းထိပ်ကနေ လှလှပပ ကန်သွင်းယူခဲ့တာပါ။ အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တဲ့ အယ်လ်မာဒါက "လက် ရွေးစင်အသင်းနဲ့အတူ နိုင်ပွဲရခဲ့လို့ ကျွန်တော်ပျော်ရွှင်မိပါတယ်။ အသင်းအတွက် တစ်လုံးတည်း သောအနိုင်ဂိုးကို သွင်းနိုင်ခဲ့လို့လည်း ကျေနပ်မိပါတယ်"လို့ ပွဲအပြီးမှာ ပြောကြားခဲ့တယ်။

အယ်လ်မာဒါက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် အခုမှ ကစားခွင့်ရခဲ့တာ မဟုတ်ပါဘူး။ ၂၀၂၂ စက်တင်ဘာကတည်းက အာဂျင်တီးနားအသင်းအတွက် ရွေးချယ်ခံခဲ့ရတာပါ။ အာဂျင်တီးနားအသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အယ်လ်မာဒါဟာ အဲဒီပြိုင်ပွဲမှာတော့ ပွဲထွက်ကစားခဲ့ရခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီကအချိန်မှာ သူ့အတွက် စံချိန်မှတ်တမ်းတစ်ခုတင်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဆုံး မေဂျာလိဂ်ကစားသမားဖြစ်ခဲ့တာပါ။ အဲဒီအချိန်က အယ်လ်မာဒါဟာ မေဂျာလိဂ်ကလပ် အတ္တလန်တာယူနိုက်တက်အသင်းမှာ ကစားနေတာကြောင့် ဖြစ်ပါတယ်။ ဒီမာရီယာလိုကြယ်ပွင့်ကစားသမားတွေ အာဂျင်တီးနားလက်ရွေးစင်အသင်းက အနားယူပြီးချိန်မှာတော့ အယ်လ်မာဒါအနေနဲ့ ပွဲကစားခွင့်တွေပိုရဖို့ အခွင့်အရေးဖြစ်လာခဲ့တယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဥရုဂွေးနဲ့ပွဲမှာ အက်သလက်တီကို တိုက်စစ်ကစားသမား ကော်ရီယာကိုကျော်ပြီး အယ်လ်မာဒါအနေနဲ့ ပွဲထွက်ခွင့်ရခဲ့တယ်။
သူ့ရဲ့ ကြေးစားကလပ်ကစားသမားဘဝကို ကြည့်ရင်တော့ အခုရာသီရောက်မှ စိတ်ဝင်စားစရာ ပိုကောင်းလာခဲ့တယ်လို့ ဆိုရမှာပါ။ ပရိုကစားသမားဘဝအစတွေမှာ အယ်လ်မာဒါအနေနဲ့ အာဂျင်တီးနားကလပ် ဗယ်လက်ဇ်ဆာစ်ဖီးလ်၊ မေဂျာလိဂ်ကလပ် အတ္တလန်တာယူနိုက်တက်နဲ့ ဘရာဇီးလ်စီးရီးအေကလပ် ဘိုတာဖိုဂိုအသင်းတွေမှာ ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်း အရွှေ့အတွင်း ပြင်သစ်ကလပ် လိုင်ယွန်အသင်းရဲ့ အငှားခေါ်ယူမှုကို အယ်လ်မာဒါလက်ခံခဲ့ပြီး သူ့အနေနဲ့ ဥရောပဘောလုံးရပ်ဝန်းကို ပထမဆုံးခြေချခွင့်ရခဲ့တာပါ။
ဥရောပကို ရောက်ရှိလာချိန်မှာလည်း အယ်လ်မာဒါဟာ အချိန်တိုအတွင်း လိုင်ယွန်အသင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်လာခဲ့တယ်။ ၂၀၂၅ ခုနှစ်အတွင်း လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲကစားခွင့်ရခဲ့ပြီး (၁)ဂိုးသွင်းယူနိုင်ခဲ့တယ်။ လိုင်ယွန်နည်းပြ ဖွန်ကာဆီက "သူ့ကို ခေါ်ယူနိုင်ခဲ့တာ တကယ်ကို ကျေနပ်စရာပါ။ အသင်းရဲ့တိုက်စစ်ပိုင်းက သူ့ကြောင့် ပိုအားကောင်းလာတယ်။ ကျွန်တော်တို့အနေနဲ့ အယ်လ်မာဒါကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ"လို့ ဆိုခဲ့ပါတယ်။
ဘယ်တောင်ပံ တိုက်စစ်ကစားသမားဖြစ်တဲ့ အယ်လ်မာဒါဟာ လိုအပ်ရင် ညာတောင်ပံကို ပြောင်းလဲကစားနိုင်သလို၊ No.10 Role နေရာမှာလည်းကစားနိုင်ပါတယ်။ သူက မော်ဒန်တိုက်စစ်ကစားသမားတွေရဲ့ ပုံစံအတိုင်း မြန်နှုန်းမြင့်ပြီး အလိမ်အခေါက်စွမ်းရည် မြင့်မားတယ်။ ပြစ်ဒဏ်ဘောကန်ရာမှာလည်း ထူးချွန်ပြီး အဝေးကန်ချက်တွေနဲ့ ဂိုးသွင်းယူနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တချို့ရှိပေမဲ့ သူ့ရဲ့ ကွင်းတွင်းခြေစွမ်း ကတော့ ချီးကျူးစရာပါပဲ။ သူကိုယ်တိုင်ကလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဥရောပထိပ်သီးအသင်းတွေမှာ ကစားချင်တယ်လို့ ဖွင့်ဟခဲ့ပြီး လက်တွေ့ မှာရော အယ်လ်မာဒါတစ်ယောက် သူ့ရဲ့မျှော်လင့်ချက်အတိုင်း အကောင်အထည်ဖော်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
FACT FILE
အမည် - သီယာဂိုအယ်လ်မာဒါ
မွေးသက္ကရာဇ် - ၂၆-၄-၂၀၀၁ (၂၃ နှစ်)
အရပ် - (၅)ပေ၊ (၇)လက်မ
နိုင်ငံ - အာဂျင်တီးနား
ကစားသည့်နေရာ - တောင်ပံတိုက်စစ်
ကလပ် - လိုင်ယွန် (အငှား)