Eleven Media Group

တင်ပါးဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ဂေါ်ဒွန် နုတ်ထွက်

Photo: Mirror

နယူးကာဆယ်အသင်း၏ တိုက်စစ်ကစားသမား ဂေါ်ဒွန်သည် တင်ပါးဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ဂေါ်ဒွန်သည် အယ်လ်ဘေးနီးယားနှင့်ပွဲတွင် ပွဲချိန်(၇၄)မိနစ်ရောက်မှ လူစားဝင်ကစားခဲ့ရသော်လည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
၎င်း၏ ဒဏ်ရာအခြေအနေမှာ အနည်းငယ်စိုးရိမ်ရသည့်အတွက် တနင်္ဂနွေနေ့တွင် အင်္ဂလန်အသင်းလူစာရင်းမှ နုတ်ထွက်ကာ နယူးကာဆယ်အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''သူ့ဒဏ်ရာကို ပထမတော့ အစာအိမ်ထိတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ တင်ပါးဖြစ်နေပါတယ်။ ကြည့်ရတာ နည်းနည်းစိုးရိမ်စရာရှိပါတယ်''ဟု သောမတ်စ်တူဟယ်လ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group