လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာက သမီးလေးတစ်ယောက် ပိုင်ဆိုင်တော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ မက်အယ်လစ္စတာက ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းနေရချိန်ဖြစ်ပေမဲ့ သူ့ချစ်သူ အိုင်လန်ကိုဗာက Instagram မှာ ဗီဒီယိုဖိုင်တင်ပြီး အသိပေးလိုက်တာပါ။

အယ်လစ္စတာနဲ့ အိုင်လန်ကိုဗာက လက်မထပ်ရသေးတဲ့ အတူနေချစ်သူတွေပါ။ သူတို့ တွဲခဲ့တာလည်း သိပ်တော့ မကြာသေးပါဘူး။ အယ်လစ္စတာ က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတဲ့အထိ ကာမီလာမာယန်ဆိုတဲ့ ချစ်သူ ရှိခဲ့ပါတယ်။ (၅)နှစ်လောက် တွဲခဲ့တဲ့ ချစ်သူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အယ်လစ္စတာ အောင်ပွဲခံတော့ နံဘေးမှာ ရှိခဲ့သူပေါ့။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပဲ လမ်းခွဲခဲ့ကြပြီး အယ်လစ္စတာက အိုင်လန်ကိုဗာကို ချစ်သူအသစ်အဖြစ် ရွေးချယ်ခဲ့တာပါ။ အိုင်လန်ကိုဗာက ကာမီလာမန်ယန်ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်လို့ သိရပါတယ်။ ဒီတော့ ကာမီလာက သူနဲ့အတူနေခဲ့ပြီး သူ့ပစ္စည်းတချို့ကို ပြန်မပေးတဲ့အတွက် လျော်ကြေးပေးဖို့ အယ်လစ္စတာကို တရားစွဲခဲ့ပါသေးတယ်။ အဲဒီအကြောင်းက ပြီးခဲ့တဲ့နှစ်မှာ အယ်လစ္စတာအတွက် စိတ်ရှုပ်စရာဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အယ်လစ္စတာက တည်ငြိမ်စွာ ကျော် လွှားဖြတ်သန်းနိုင်ခဲ့တာကြောင့် ချစ်သူအသစ်နဲ့အတူ ပျော်စရာမိသားစုဘဝတစ်ခုကို ပိုင်ဆိုင်တော့မယ့် အချိန်ရောက်လာခဲ့ပါပြီ။
အိုင်လန်ကိုဗာက ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ ရင်သွေးလေး ပိုင်ဆိုင်တော့ မယ့်အကြောင်း အသိပေးရာမှာ ကြည်နူးခြင်းမျက်ရည်တွေကိုလည်း မတားဆီးနိုင်ခဲ့ပါဘူး။ သမီးလေးကို ဒီနှစ်ထဲမှာပဲ ပိုင်ဆိုင်ခွင့်ရတော့မှာပါ။ အယ်လစ္စတာကတော့ "ဖေဖေတို့ မင်းကို လိုချင်တယ်။ မင်းကို ချစ်တယ်။ မကြာခင် ဆုံတွေ့ကြမယ်"လို့ ဆိုခဲ့ ပါတယ်။