Eleven Media Group

"ထိပ်တန်းဘောလုံးသမားဘဝက အရမ်းဖိအားများပါတယ်"

Photo : X

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ဆယ်ကျော်သက်အရွယ်မှာပဲနာမည်ရလာပြီး ထိပ်တန်းကစားသမားဘဝကို ပိုင်ဆိုင်ခဲ့သူပါ။ ဟာလန်းကို အားပေးတဲ့ ပရိသတ်တွေ ကမ္ဘာအနှံ့မှာ ရှိနေပြီး သူတို့က ဟာလန်းကို မေးချင်တဲ့ မေးခွန်းတွေ ရှိ ပါတယ်။ Sky Sports က ဟာလန်းကို ပရိသတ်တွေ မေးချင်ကြတဲ့ မေးခွန်းတွေကို စုစည်းပြီး အင်တာဗျူး လုပ်ခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာ ပရိသတ်တွေက သူတို့ သိချင်တာတွေကို မေးထားကြပြီး ဟာလန်းကလည်း သေချာပြန်လည်ဖြေကြားထားပါတယ်။ ဟာလန်းအကြောင်းကို ပိုမိုသိရှိနိုင်ဖို့အတွက် ကမ္ဘာအနှံက ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားထားတဲ့ ဟာလန်းရဲ့ အင်တာဗျူး ကို ဖော်ပြလိုက်ရပါတယ် . . .

- မန်စီးတီးတိုက်စစ်မှူး ဟာလန်းနှင့် တွေ့ဆုံခြင်း

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ဆယ်ကျော်သက်အရွယ်မှာပဲနာမည်ရလာပြီး ထိပ်တန်းကစားသမားဘဝကို ပိုင်ဆိုင်ခဲ့သူပါ။ ဟာလန်းကို အားပေးတဲ့ ပရိသတ်တွေ ကမ္ဘာအနှံ့မှာ ရှိနေပြီး သူတို့က ဟာလန်းကို မေးချင်တဲ့ မေးခွန်းတွေ ရှိ ပါတယ်။ Sky Sports က ဟာလန်းကို ပရိသတ်တွေ မေးချင်ကြတဲ့ မေးခွန်းတွေကို စုစည်းပြီး အင်တာဗျူး လုပ်ခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာ ပရိသတ်တွေက သူတို့ သိချင်တာတွေကို မေးထားကြပြီး ဟာလန်းကလည်း သေချာပြန်လည်ဖြေကြားထားပါတယ်။ ဟာလန်းအကြောင်းကို ပိုမိုသိရှိနိုင်ဖို့အတွက် ကမ္ဘာအနှံက ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားထားတဲ့ ဟာလန်းရဲ့ အင်တာဗျူး ကို ဖော်ပြလိုက်ရပါတယ် . . .

မေး - မန်စီးတီးနဲ့ ပတ်သက်လို့ ခင်ဗျား ပထမဆုံးအမှတ်ရတာက ဘာဖြစ်မလဲ။
ဖြေ - ကျွန်တော့်အစ်ကိုနဲ့အတူ အဖေ့အတွက် Mascot ဖြစ်ခဲ့တာပါ။ မန်စီးတီးဂျာစီကို ဝတ်ပြီး ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ရိုက်ထားတဲ့ ဓာတ်ပုံလည်း ရှိပါတယ်။ ဒါက မန်စီးတီးနဲ့ ပတ်သက်လို့ ကျွန်တော် ပထမဆုံးအမှတ်ရတဲ့ အရာဖြစ်ပါတယ်။

မေး - ခင်ဗျားကလေးဘဝတုန်းက မန်စီးတီးဂျာစီဝတ်ထားတဲ့ ဓာတ်ပုံကို လူတိုင်းသိကြတယ်။ ခင်ဗျားမှာ ကလေးဘဝတုန်းက မန်စီးတီးဂျာစီတွေ အများကြီး ရှိတာလား။
ဖြေ - ဟုတ်ပါတယ်။ နောက်ကျောမှာ အဖေဆိုတဲ့ နာမည်နဲ့ မန်စီးတီးဂျာစီတွေ ရှိပါတယ်။ ကျွန်တော့်မှာရော၊ ကျွန်တော့်အစ်ကိုမှာရော အစ်မမှာရောပေါ့။ ဟုတ်ပါတယ်။ အခုထိလည်း ကလေးဘဝတုန်းက မန်စီးတီးဂျာစီတွေ အိမ်မှာ ရှိတုန်းပါပဲ။

မေး - ဟာလန်းက ပွဲတွေ ကစားပြီးရင် ဘာတွေလုပ်တတ်လဲ။
ဖြေ - ပုံမှန်အားဖြင့်တော့ ပွဲအပြီးမှာ ကျွန်တော် ကုသမှု ခံယူပါတယ်။ ပြီးတော့ Ice Bath လုပ်တယ်။ အိမ်ပြန်ပြီး အနားယူတယ်။ အစားကောင်းတွေ စားတယ်။ အနားယူတယ်။

မေး - ဟာလန်းက သူ့ရဲ့ Highlights တွေကို ကြည့်လား။
ဖြေ - မကြည့်ပါဘူး။ ပုံမှန်အားဖြင့်ဆိုရင် မကြည့်ပါဘူး။ တကယ်ကောင်းတဲ့ ဂိုးတွေဆိုရင်တော့ အကြိမ်အနည်းငယ်ပြန်ကြည့်ဖြစ်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ မကြည့်ဖြစ်ပါဘူး။

မေး - ခင်ဗျား ခဏခဏ ပြန်ကြည့်တဲ့ ဂိုးတွေတော့ ရှိမှာပေါ့။ အထူးသဖြင့် ခင်ဗျား ခြေစွမ်းမပြနိုင်တဲ့ အခါမျိုးမှာလေ။
ဖြေ - ဟုတ်ပါတယ်။ ကျွန်တော် အရမ်းကြိုက်တဲ့ ဂိုးအချို့ ရှိပါတယ်။ ဒေါ့မွန်ကစားတုန်းက PSG ဘက်ကို သွင်းခဲ့တဲ့ဂိုးကို မကြာခဏ ပြန်ကြည့်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် ကြိုက်တဲ့ ဂိုးအချို့ကို ခဏခဏ ပြန်ကြည့်ဖြစ်ပါတယ်။

မေး - ဟာလန်းလိုချင်တဲ့ တခြားအရည်အချင်း တွေ ရှိလား။
ဖြေ - ဟုတ်ကဲ့ အများကြီး ရှိတာပေါ့။ မက်ဆီလိုမျိုး လိမ်ခေါက်တတ်ချင်တယ်။ ကျွန်တော်က အရပ်ရှည်ပေမဲ့ မက်ဆီလိုမျိုး ယိမ်းနွှဲ့ပြီး လိမ်ခေါက်တတ်ချင်တယ်။ (ခင်ဗျားလို အရပ်ရှည်ပြီး လိမ်ခေါက်တတ်တဲ့ ကစားသမား ရှိလား) ဇလာတန် (အီဘရာဟီမိုဗစ်) လုပ်တတ်ပါတယ်။

မေး - မန်စီးတီးပြီးရင် မန်ချက်စတာမှာ ခင်ဗျားအကြိုက်အရာက ဘာဖြစ်မလဲ။
ဖြေ - ဒီက လူတွေကို ကျွန်တော် နှစ်သက်ပါတယ်။ ဒါကို အရင်ကလည်း ကျွန်တော် ပြောဖူးပါတယ်။ ပြီးတော့ မြို့ကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ ဒီမှာ ကျွန်တော်တို့ မွေးရပ်မြေမှာလိုပဲ လယ်ကွင်းတွေလည်း ရှိတယ်လေ။ ပြီးတော့ အေးချမ်းဆိတ်ငြိမ်မှုကို ကျွန်တော် နှစ်သက်ပါတယ်။ လယ်ကွင်းတွေကို မြင်ရတာ အရမ်းနှစ်သက်ပါတယ်။ မြို့ထဲမှာ လျှောက်လည်ရတာကိုလည်း ကြိုက်ပါတယ်။

မေး - တကယ်လို့ ခင်ဗျားသာ တိုက်စစ်မှူးမဖြစ်ခဲ့ဘူးဆိုရင် ဘယ်နေရာမှာ ခင်ဗျားကစားချင်လဲ။
ဖြေ - မပြောတတ်ပါဘူး။ ကျွန်တော် တစ်ဘဝလုံး တိုက်စစ်မှူးအဖြစ်ပဲ ကစားခဲ့တာပါ။ ဒီတော့ ကျွန်တော်မသိပါဘူး။ (ခင်ဗျားကြံ့ခိုင်မှု၊ အရပ်အမောင်းဆိုရင်တော့ ဗဟိုခံစစ်မှူး ဖြစ်နိုင်တာပေါ့) ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်။ ကျွန်တော် အသက်တွေရလာပြီး ပြေးအားကျလာမယ်။ ဂိုးသွင်းနှုန်းတွေ ကျလာမယ်ဆိုရင်တော့ နည်းနည်းနောက်ဆင်းပြီး ကစားတာလည်း ဖြစ်နိုင်ပါတယ်။ ဂိုးသမားအဖြစ် ကစားတာလည်း ဖြစ်နိုင်ပါတယ်။

မေး - ဟာလန်းအကြောင်း ရုပ်ရှင်ရိုက်ရင် ဘယ်သူ့ကို ဟာလန်းအဖြစ် သရုပ်ဆောင်စေချင်လဲ။
ဖြေ - ဒါက အရမ်းကောင်းတဲ့ မေးခွန်းပဲ။ (ကျွန်တော်သိတာ တစ်ယောက်တော့ ရှိတယ်။ Thor အဖြစ် သရုပ်ဆောင်တဲ့ ခရစ္စဟန်ဝါ့ချ်ပေါ့) ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်။ Vikings က သရုပ်ဆောင် Beorn လည်း ဖြစ်နိုင်ပါတယ်။

မေး - Oasis Concert ကို ဟာလန်း သွားကြည့် မလား။
ဖြေ - ဟုတ်ကဲ့။ သွားကြည့်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ သွားကြည့်မယ်။ တကယ်ပြောတာပါ။ Oasis အဖွဲ့က လူတွေနဲ့လည်း စကားပြော ဖြစ်ပါတယ်။ အားလုံးအဆင်ပြေရင် ကျွန်တော် သွားချင်ပါတယ်။

မေး - ပူပြင်းတဲ့ အားလပ်ရက်လား၊ အရမ်းအေးတဲ့ အားလပ်ရက်လား။
ဖြေ - နှစ်ခုလုံးကို ကျွန်တော် ကြိုက်ပါတယ်။ အ ရမ်းအေးတဲ့နှင်းတွေကို ကျွန်တော် ကြိုက်တယ်။ စိတ်ခံစားမှုအပေါ် မူတည်ပြီး အရမ်းအေးတဲ့အချိန်နှင်းတွေကြားမှာ နေရတာ ကြိုက်ပါတယ်။ နွေရာသီလည်း ကောင်းတာပါပဲ။ အဓိကကတော့ စိတ်ခံစားချက်အပေါ် မူတည်ပါတယ်။

မေး - ဒီမေးခွန်းကတော့ စိတ်ဝင်စားစရာပဲ။ ဒီလို မေးခွန်းမျိုးမေးတဲ့သူများတယ်။ ထိပ်တန်းဘောလုံးသမားတွေနဲ့ ပတ်သက်လို့ လူတွေ အထင်မှားမှုက ဘာဖြစ်မလဲ။
ဖြေ - ထိပ်တန်းဘောလုံးသမားတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ ဖိအားများတယ်ဆိုတာကို လူတွေနားမလည်ကြဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘောလုံးသမားတွေက သူတို့ကို သူတို့ ဖိအားပေးတာတွေ အများကြီး ရှိပါတယ်။ ဒါကို လူတွေ နားမလည်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဒီလိုအခြေအနေမျိုး မကြုံဖူးဘူးလေ။ ဒါပေမဲ့ ကစားသမားတွေက ဖိအားအရမ်းများပါတယ်။ ပြီးတော့ အမုန်းစကားတွေလည်း ရှိတယ်လေ။ အဲဒါတွေကို ကျော်ဖြတ်ရပါတယ်။ အဲဒီအရာတွေက မကောင်းပါဘူး။ တစ်ခါတလေ အရမ်းကို ဆိုးရွားပါတယ်။ Public Figure ဖြစ်ရတာ မလွယ်ပါဘူး။ အကောင်းတွေရော အဆိုးတွေပါ ရောပြွန်းနေတာပါ။

မေး - ခင်ဗျားက ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးလာခဲ့တယ်။ ဖိအားတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ။
ဖြေ - ကျွန်တော့်နားမှာ လူကောင်းသူကောင်းတွေ ရှိနေတာကြောင့် ကျွန်တော် ကံကောင်းပါတယ်။ အဲဒါက အဓိကလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်အနားမှာ ဘယ်လိုအခြေအနေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို သိတဲ့လူတွေ ရှိနေတာ အရမ်းကောင်းပါတယ်။ သူတို့က ကျွန်တော့်ကို အားပေးကြတယ်။ ကူညီကြတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ လူကောင်းတွေ ရှိနေတာ ဘယ်လောက်အထိ ကောင်းတယ်ဆိုတာကို ကျွန်တော် အမြဲတမ်းလိုလို ပြောဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူငယ်ချင်းကောင်းတွေနဲ့ မိသားစုတွေ ရှိနေတာကြောင့် အရမ်းကံကောင်းပါတယ်။

မေး - ခင်ဗျားက ဘောလုံးကစားလာတာလည်း အတော်ကြာပြီးဆိုတော့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဘောလုံးပွဲတွေရဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့အတွေ့အကြုံအရ ခင်ဗျားရဲ့အမြင်ကို သိချင်ပါတယ်။
ဖြေ - ပထမဆုံးအနေနဲ့ ဘောလုံးပွဲတွေက လူတွေ တွေးထားထက် ပိုပြီး အသေးစိတ်ကျလာတယ်။ လူတွေကတော့ ဘောလုံးကို ရိုးရိုးလေးလို့ ထင်ကြမှာပါ။ အရင်တုန်းက ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ခုခေတ်မှာတော့ မရေတွက်နိုင်တဲ့ Meetings တွေ၊ ဟိုအချက်၊ ဒီအချက်တွေ လုပ်ရတာတွေ အများကြီးပါပဲ။ ပြီးတော့ နည်းစနစ်ပိုင်း၊ နည်းဗျူဟာ ပိုင်းတွေရောပေါ့။ ပြီးတော့ ဘယ်သူက ဘယ်လို ကစားရမယ်ဆိုတာအစပေါ့။ ကျွန်တော်တို့ ငယ် ငယ်တုန်းကတော့ အဲဒီလိုတွေ မတွေးပါဘူး။ ဒီအတိုင်း ကစားလိုက်တာပါပဲ။ အခုတော့ အရာအားလုံးကို သတိထားရတယ်။ ဘောလုံးက ပိုပြီးတော့ အသေးစိတ်ကျလာတယ်။ အထူးသဖြင့် ဒီနေ့ ခေတ်မှာ ဘောလုံးက လုံးဝအသေးစိတ်အချက်တွေကို ဦးစားပေးလာတာပါ။

မေး - ဘောလုံးအပြင် ခင်ဗျား အကြိုက်ဆုံး အားကစားကဘာလဲ။
ဖြေ - ကျွန်တော့်အနေနဲ့ ရိုးသားစွာဝန်ခံရမယ်ဆိုရင် တခြားအားကစားတွေ သိပ်တော့ မကြည့်ဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အားကစားကို နှစ်သက်ပါတယ်။ တင်းနစ်ကို ကျွန်တော် ကြိုက်ပါတယ်။ တစ်ခါတလေ သူငယ်ချင်းတွေ လှေလှော်ရတာကို ကြိုက်တယ်။ ရာသီဥတုပူနွေးတဲ့အခါ လှေလှော်ရတာကို ကြိုက်တယ်။ ပြီးတော့ ကျွန်တော်ကြိုက်တဲ့ အခြားအားကစားအချို့လည်း ရှိပါတယ်။

မူရင်းသတင်း — Eleven Media Group