
နော်တင်ဟမ်ဖောရက်စ်အသင်း၏ ဆွီဒင်တိုက်စစ်ကစားသမား အီလန်ဂါက မန်ယူအသင်းနှင့် လမ်းခွဲပြီး နော်တင်ဟမ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အီလန်ဂါ(၂၂ နှစ်)သည် လက်ရှိတွင် နော်တင်ဟမ်အသင်း၏ အမာခံကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။
''ယူနိုက်တက်က ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ကျွန်တော် ဒီအသင်းကို ချစ်နေတုန်းပါပဲ။ သူတို့ရဲ့ပွဲတွေကိုလည်း ကြည့်ပါတယ်။ သူတို့ကောင်းကောင်း မလုပ်နိုင်တဲ့အခါ ကျွန်တော့်အနေနဲ့ နည်းနည်းနာကျင်ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်တော် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်''ဟု အီလန်ဂါက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အီလန်ဂါကို နယူးကာဆယ်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေပြီး နော်တင်ဟမ်အသင်းက အီလန်ဂါ၏ ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင်သန်း(၅၀)ဟု သတ်မှတ်ထားကြောင်း သိရသည်။