
ဘာစီလိုနာအသင်းသည် ဘရာဇီးလ်တိုက်စစ်ကစားသမား ရာဖင်ညာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၁၂၀) ဟု သတ်မှတ်လိုက်ကြောင်း သိရသည်။
ရာဖင်ညာ(၂၈ နှစ်)သည် ယခုရာသီတွင် ဘာစီလိုနာအသင်း၌ အကောင်းဆုံးခြေစွမ်းပြနေသည့်အတွက် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများနှင့် ဆော်ဒီကလပ်အသင်းများက ၎င်းကို ခေါ်ယူရန် ပစ်မှတ်ထားနေကြသည်။
ထို့ကြောင့် ဘာစီလိုနာအသင်းက စျေးနှုန်းသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဘာစီလိုုနာအသင်းသည် ရာဖင်ညာကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း ၎င်းတို့အလိုရှိသည့် ပြောင်းရွှေ့ကြေးပမာဏဖြင့် ကမ်းလှမ်းလာခဲ့ပါက ရောင်းထုတ်သွားဖွယ်ရှိကြောင်းလည်း သိရသည်။