
ချယ်လ်ဆီးအသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သည့် တော့ဒ်ဘိုလေက ကွင်းသစ်စီမံကိန်းအတွက် သဘောထားကွဲလွဲနေကြောင်း ဝန်ခံပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းပိုင်ရှင်များသည် လက်ရှိကွင်းထက် ပရိသတ်ပိုမိုဝင်ဆံ့သည့်ကွင်းသစ် တည်ဆောက်ရန် စီစဉ်နေရာ လက်ရှိအသုံးပြုနေသည့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို တိုးချဲ့တည်ဆောက်ရန်နှင့် နေရာသစ်၌ ကွင်းသစ်တည်ဆောက်ရန်အတွက် သဘောထားကွဲလွဲမှုရှိနေခြင်းဖြစ်ကြောင်း သိရသည်။
တော့ဒ်ဘိုလေက ကွင်းသစ်စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု မရရှိခဲ့ပါက အသင်းပိုင်ရှင်များအကြား လမ်းခွဲရသည့်အခြေအနေ ရှိလာနိုင်သည်ဟုလည်း ပြောကြားခဲ့သည်။
တော့ဒ်ဘိုလေနှင့် အခြားပိုင်ရှင်များသည် ချယ်လ်ဆီးအသင်းအား တစ်စုတစ်ဖွဲ့တည်းက ပိုင်ဆိုင်မှုရရှိရန် ကြိုးပမ်းနေကြကြောင်းလည်း သိရသည်။