Eleven Media Group

■ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပွဲကြိုသုံးသပ်ချက်

Photo: Norway Team

♦ အစ္စရေး - နော်ဝေ (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၂:၁၅ နာရီ)

အဖွင့်ပွဲ အနိုင်ရထားကြတဲ့ နှစ်သင်း တွေ့ဆုံကြတာဖြစ်တယ်။ ဒါပေမဲ့ ကစားသမားပိုင်းမှာတော့ လက်ရှိ နော်ဝေအသင်းက အတော်လေးသာနေတယ်။ ကစားရမှာကလည်း ကြားကွင်း ဟန်ဂေရီမှာဖြစ်နေလို့ အစ္စရေးအတွက် အိမ်ကွင်းအားသာချက်လည်း မရှိပါဘူး။ လက်ရှိ နော်ဝေအသင်းက အုပ်စုပထမနေရာကိုပါ ချိန်ရွယ်နိုင်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားတယ်။ နော်ဝေပဲ နိုင်ဖို့များတယ်။

♦ မြောက်မက်ဆီဒိုးနီးယား - ဝေးလ်စ် (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၂:၁၅ နာရီ)

မြောက်မက်ဆီဒိုးနီးယားအသင်းက ပြိုင်ပွဲစုံ(၆)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ အဲလ်မက်စ်၊ ဒီမီထရီယက်ဗ်စကီး၊ အလီယိုစကီးတို့လို ကစားသမားတွေရှိနေလို့ အသင်းအင်အားကလည်း မဆိုးဘူးပြောရမယ်။ ဝေးလ်စ်အသင်းမှာ အင်္ဂလန်အခြေစိုက်နဲ့ တည်ဆောက်ထားပြီး မြောက်မက်ဆီဒိုးနီးယားထက် အနည်းငယ်သာတဲ့ အနေအထားရှိတယ်။ အဝေးကွင်းမှာတော့ ဝေးလ်စ် အနိုင်မရလောက်ဘူး။

♦ ဂျီဘရော်လ်တာ - ချက် (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၂:၁၅ နာရီ)

ချက်အသင်းက Nations League မှာ League A ကို တက်ရောက်ခွင့်ရထားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း အနိုင်နဲ့ တာထွက်ထားတယ်။ ဂျီဘရော်လ်တာလည်း ခြေတက်လာလို့ ချက် လေးဂိုးပြတ်ဖို့ မလွယ်ဘူး။

♦ မွန်တီနီဂရိုး - ဖာရိုးကျွန်းစုများ (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၂:၁၅ နာရီ)

ယိုဗီတစ်၊ ခရစ္စတိုဗစ်၊ မာရူရှစ်တို့ရှိနေတဲ့ မွန်တီနီဂရိုးအသင်းက ဖာရိုးကျွန်းစုများထက် ကစားသမားအင်အား တောင့်တင်းပါတယ်။ အိမ်ကွင်းလည်းဖြစ်လို့ မွန်တီနီဂရိုး အနိုင်သေချာပါတယ်။

♦ မော်လ်ဒိုဗာ - အက်စ်တိုးနီးယား (မြန်မာစံတော်ချိန် မတ်လ ၂၅ ရက် ည ၁၁:၃၀ နာရီ)

မော်လ်ဒိုဗာအသင်းထက် အက်စ်တိုးနီးယားက ခြေစွမ်းပိုကောင်းတဲ့အသင်းပါ။ အက်စ်တိုးနီးယားအသင်းကိုပဲ ရွေးချယ်ချင်တယ်။

♦ လက်ချင်စတိန်း - ကာဇက်စတန် (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၂:၁၅ နာရီ)

ကာဇက်စတန်အသင်းက ဝေးလ်စ်ကိုတောင် အကြိတ်အနယ် ကစားခဲ့တယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ကာဇက်စတန် ဂိုးပြတ်ဖို့ခက်မယ်။

မူရင်းသတင်း — Eleven Media Group