
♦ အာဂျင်တီးနား - ဘရာဇီးလ် (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၆:၃၀ နာရီ)
နှစ်သင်းစလုံး အဓိကကစားသမားတချို့ မပါဝင်နိုင်ပေမဲ့ အာဂျင်တီးနားက ပိုအင်အားနည်းနေတယ်။ မက်ဆီ၊ လော်တာရိုမာတီနက်ဇ်တို့ မပါတဲ့ တိုက်စစ်ပိုင်းက ဘရာဇီးလ်နဲ့ယှဉ်နိုင်ဖို့ ခက်လိမ့်မယ်။ ဘရာဇီးလ်အနေနဲ့ နောက်ဆုံး(၄)ပွဲဆက်တိုက် အာဂျင်တီးနားကို နိုင်ပွဲပျောက်ဆုံးခဲ့တာ အခွင့်အလမ်းကောင်းပါပဲ။ အာဂျင်တီးနားအသင်းက ခြေစစ်ပွဲအောင်မြင်ဖို့ တစ်မှတ်ပဲ လိုအပ်တော့တယ်။ အိမ်ကွင်းပရိသတ်ရှေ့မှာ ကစားရမှာဖြစ်တဲ့အပြင် ဒေသတွင်း ဂန္ထဝင်ပြိုင်ဘက်တွေလည်းဖြစ်လို့ ရှိတဲ့လူအင်အားနဲ့ အစွမ်းကုန်ရုန်းကန်ကစားမှာတော့ သေချာပါတယ်။ ဗင်နီစီယပ်စ် ဂိုးပေါက်စတွေ့ထားတာက ယုံကြည်ချက် ပိုရှိနေနိုင်ပြီး ရာဖင်ညာ၊ ရိုဒရီဂိုတို့ကစားမယ့် တိုက်စစ်ကလည်း အာဂျင်တီးနားကို ခြိမ်းခြောက်နိုင်လိမ့်မယ်။
ဘရာဇီးလ်အသင်း အမှတ်ရမှာပါ။
♦ ကိုလံဘီယာ - ပါရာဂွေး (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၆:၃၀ နာရီ)
ပထမအကျော့ ပါရာဂွေးကွင်းမှာတုန်းက ကိုလံဘီယာအသင်း အနိုင်ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ လတ်တလောမှာ အခြေအနေက အများကြီးပြောင်းလဲသွားပြီ။ ပါရာဂွေးက ကိုလံဘီယာကို အရေးနိမ့်ပြီးနောက် ခြေစစ်ပွဲ (၇)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားခဲ့သလို၊ ဘရာဇီးလ်၊ အာဂျင်တီးနားလိုအသင်းတွေကိုတော့ အနိုင်ယူခဲ့တယ်။ ကိုလံဘီယာအသင်းကတော့ ခြေစစ်ပွဲ နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအထိ အရေးနိမ့်ခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ရုပ်ပျက်ဆင်းပျက် သိပ်မဖြစ်သေးဘူး။ အဆင့်(၆)အထိရောက်သွားတဲ့ ကိုလံဘီယာ နိုင်ပွဲပြန်ရမယ်ထင်တယ်။
♦ ဘိုလစ်ဗီးယား - ဥရုဂွေး (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၂:၃၀ နာရီ)
ဘိုလစ်ဗီးယားအသင်း ခြေစစ်ပွဲတွေ အခြေအနေကောင်း လာပြီးမှ (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တယ်။ Play-offs တစ်နေရာလိုချင်ရင်တော့ ဘိုလစ်ဗီးယားအသင်း လက်ကျန်(၅)ပွဲမှာ အမှားထပ်ခံလို့ မဖြစ်တော့ဘူး။ ဥရုဂွေးကတော့ ခြေစစ်ပွဲ နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ ဖိအားမရှိပါဘူး။ ဘိုလစ်ဗီးယားအသင်းက ခြေစစ်ပွဲ အိမ်ကွင်း(၄)ပွဲဆက် ရှုံးပွဲမရှိဘဲ (၃)ပွဲအထိ အနိုင်ကစားခဲ့တာကိုတော့ သတိပြုရမယ်။ ဥရုဂွေးတိုက်စစ်ကလည်း ဂိုးရဖို့ ခက်ခဲနေလို့ ဘိုလစ်ဗီးယားပဲ ရွေးချယ်ချင်ပါတယ်။
♦ ချီလီ - အီကွေဒေါ (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၆:၃၀ နာရီ)
အီကွေဒေါအသင်း အမှတ်မလိုလောက်တော့လို့ ချီလီကို တွဲခေါ်မလား စောင့်ကြည့်ရမယ်။ အိမ်ရှင်အသင်းဘက်ကပဲ ရပ်တည်သင့်တယ်။
♦ ဗင်နီဇွဲလား - ပီရူး (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၆:၃၀ နာရီ)
ပီရူးအသင်းက ခြေစစ်ပွဲ အဝေးကွင်း(၆)ပွဲမှာ ပထမဆုံးပွဲသာ သရေကျပြီး (၆)ပွဲဆက် ရှုံးထားတယ်။ ဗင်နီဇွဲလား နိုင်ပွဲတွေပျောက်နေလို့ ပီရူး သရေမျှော်လင့်လို့ရတယ်။