
ပါယက်က ၂၀၁၈ နောက်ပိုင်း ပြင်သစ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမခံရတော့ပေမဲ့ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ရပ်တည်နေတုန်းပါပဲ။ သူ့အသက်က (၃၇)နှစ်ရှိပါပြီ။ ဒါကြောင့် တခြားသော အရွယ်လွန်ကစားသမားတွေရဲ့ လမ်းစဉ်အတိုင်း ဥရောပကို စွန့်ခွာခဲ့ရချိန်မှာ ပါယက်က ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီရွေးချယ်မှုက သူ့ကို လာရစ်ဆာဖာရာရီဆိုတဲ့ ဘရာဇီးလ်မလေးတစ်ယောက်ရဲ့ ရင်ခွင်ထဲ တွန်းပို့လိုက်သလို ဖြစ်သွားခဲ့ပါတယ်။
ပါယက်က ၂၀၁၈ နောက်ပိုင်း ပြင်သစ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမခံရတော့ပေမဲ့ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ရပ်တည်နေတုန်းပါပဲ။ သူ့အသက်က (၃၇)နှစ်ရှိပါပြီ။ ဒါကြောင့် တခြားသော အရွယ်လွန်ကစားသမားတွေရဲ့ လမ်းစဉ်အတိုင်း ဥရောပကို စွန့်ခွာခဲ့ရချိန်မှာ ပါယက်က ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီရွေးချယ်မှုက သူ့ကို လာရစ်ဆာဖာရာရီဆိုတဲ့ ဘရာဇီးလ်မလေးတစ်ယောက်ရဲ့ ရင်ခွင်ထဲ တွန်းပို့လိုက်သလို ဖြစ်သွားခဲ့ပါတယ်။
တကယ်တော့ ပါယက်က နှစ်ပေါင်း(၂၀)နီးပါး ပေါင်းသင်းလာခဲ့တဲ့ ပြင်သစ်ဇနီးသည် လူဒီဗိုင်း ရှိနေသလို၊ ရင်သွေး(၄)ယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ အစပြုပြီး သိပ်မကြာခင်မှာပဲ အိမ်ထောင်သည်ဘ၀ ရောက်ခဲ့တာပါ။ ပါယက်က ထိပ်တန်းကလပ်အသင်းတွေ အလိုရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမဲ့ ပြင်သစ်ကလပ်တွေမှာသာ အများဆုံးကျင်လည်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ ဝက်စ်ဟမ်းအသင်းမှာ ကစားခဲ့ဖူးပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ကစားခဲ့ဖူးပြီး ပရိသတ်တွေ မျှော်လင့်ထားသလောက် တောက်ပမလာခဲ့သူလို့လည်း ဆိုနိုင်ပါတယ်။
၂၀၂၃ နွေရာသီမှာ ပါယက်က မာဆေးလ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမား အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ မိသားစုရဲ့အဝေးမှာ တစ်ကိုယ်ရေဘဝကို အထီးကျန်ဖြတ်သန်းရတဲ့ အချိန်ကာလတွေ ဖြစ်လာခဲ့ပါတယ်။ ဇနီးသည် လူဒီဗိုင်းက (၃)လတစ်ခါလောက် ဘရာဇီးလ်ကို လာရောက်လည်ပတ်လေ့ရှိပေမဲ့ ပါယက်အတွက် အနွေးဓာတ်က မလုံလောက်ခဲ့ပါဘူး။ အဲဒီအချိန်မှာ ဘရာဇီးလ်ရှေ့နေမလေး လာရစ်ဆာ ဖာရာရီကလည်း ခင်ပွန်းသည်နဲ့ လမ်းခွဲထားချိန် ဖြစ်နေပါတယ်။ ဖာရာရီက ကလေးနှစ်ယောက်အမေဆိုပေမဲ့ (၂၈)နှစ်ပဲ ရှိပါသေးတယ်။ Instagram မှာ ပရိသတ်(၄၅၀၀၀)လောက် ပိုင်ဆိုင်ထားတဲ့ ခေတ်ရဲ့ သမီးပျိုတစ်ယောက် ဆိုပါတော့။ ဒီတော့ တစ်ယောက်လိုနေတဲ့ အနွေးဓာတ်ကို အခြားတစ်ယောက်ဆီမှာ ရှာဖွေတွေ့ရှိခဲ့ကြတယ် ဆိုပါတော့။မိသားစုရဲ့ဝေးရာမှာ အထီးကျန်နေရှာတဲ့ ပါယက်အတွက်တော့ ဖာရာရီဟာ ကယ်တင်ရှင်ကောက် ရိုးမျှင်လေးလည်း ဖြစ်ခဲ့မှာပေါ့။ ဖာရာရီကတော့ ပါယက်အနား သူ ရောက်ရှိခဲ့တာဟာ ငွေကြေးကြောင့် မဟုတ်သလို၊ ရာသက်ပန်ချည်နှောင်ဖို့လည်း မဟုတ်ခဲ့ပါဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ ကြင်နာတတ်လွန်းတဲ့ ပါယက်ကြောင့် လမ်းခွဲချိန်မှာတော့ ခက်ခဲခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
"ကျွန်မတို့ အရမ်းနီးကပ်သွားခဲ့ကြတာကတော့ ကျွန်မက ကွာရှင်းထားပြီး သူက အရမ်းအထီးကျန်နေတာကြောင့်ပါ။ ကျွန်မ ပါယက်ရဲ့အိမ်ကို (၁၂)ရက်တစ်ခါလောက်သွားခဲ့ပြီး သုံးလေးရက်လောက် နေလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ချည်နှောင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိထားကြပြီးသားပါ"လို့ ဖာရာရီက လူမှုကွန်ရက်က တစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့တာပါ။ သူတို့ နှောင်တွယ်ခဲ့တဲ့ကာလက (၇)လကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။ ဘာကြောင့် သူ အခုလို ဖွင့်ဟခဲ့တာလဲ။ ပါယက်နဲ့ ပတ်သက်ခဲ့ဖူးကြောင်း လူတွေ သိစေချင်လို့လား။ တကယ်ပတ်သက်ဖူးခြင်းမရှိဘဲ ပါယက်ကို အသုံးချပြီး နာမည်ကြီးဖို့ လုပ်ဆောင်ခြင်းများလား ဆိုတာကိုတော့ . . . ။