
ဖူလ်ဟမ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၆:၄၅ နာရီ)
နှစ်သင်းစလုံးကတော့ အထင်ကြီးစရာ ကစားပုံနဲ့ လေးစားလောက်စရာ ရလဒ်ပိုင်းတွေကို ယူပြနေကြတယ်။ နှစ်သင်းစလုံးရဲ့ နည်းပြတွေက အရည်အသွေးမြင့်ကြသလို သူတို့အသင်းတွေကလည်း ဟန်ချက်ညီ၊ အားကောင်းတာကို တွေ့ရတယ်။ ပဲလေ့စ်အတွက် နိုင်ငံတကာပွဲတွေအပြီးမှာ အားထားရတဲ့အဓိကတိုက်စစ်မှူး မာတေတာနဲ့အတူ ပြန်ပွဲထွက်နိုင်တော့မယ့်အချက်က ကျေနပ်စရာဖြစ်သလို၊ ဖူလ်ဟမ်ကလည်း ဝါရင့်ကစားသမားတွေနဲ့ အရည်အသွေးမြင့် ကစားသမားတွေ ပေါင်းစပ်ထားတာကြောင့် လျှော့မတွက်သင့်တဲ့ အသင်းဖြစ်တယ်။ ထူးခြားတာက ဒီရာသီပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ ဆုံမှုတွေမှာ ပဲလေ့စ်ကွင်းမှာ ဖူလ်ဟမ်နိုင်ပြီး ဖူလ်ဟမ်ကွင်းမှာ ပဲလေ့စ်နိုင်ထားတာပါ။ ဒီပွဲကတော့ သရေပဲဖြစ်မယ်။
ဘရိုက်တန် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၁၁:၄၅ နာရီ)
ဘရိုက်တန်အတွက်တော့ နောက်ဆုံးအကြိမ် ဆုံတွေ့ ခဲ့တုန်းက ဒဏ်ရာတွေအတွက် ပြန်လက်စားချေရမယ့် ပွဲတစ်ပွဲလို့ ဆိုရမယ်။ ဒီနှစ်သင်း ဘုန်းမောက်အသင်းရဲ့ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆုံတွေ့ခဲ့တုန်းက အကြိတ်အနယ်ကစားပြီး (၂-၂) ဂိုးစီ သရေကျခဲ့ပေမယ့် မကြာသေးခင်က နော်တင်ဟမ်အသင်းရဲ့ကွင်းမှာ ပြန်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ နော်တင်ဟမ်က (၇-ဝ) ဂိုးနဲ့ ဒီရာသီ အပြတ်သားဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာတွေ့ရတယ်။ လက်ရှိအချိန်မှာတော့ ဘရိုက်တန်ရော နော်တင်ဟမ်ပါ အကောင်းဆုံးပုံစံကို ရရှိနေကြတဲ့အသင်းတွေဖြစ်ပြီး နော်တင်ဟမ်အတွက်လည်း လူပြန်စုံလာပြီဖြစ်တဲ့ ဘုန်းမောက်အသင်းကို ခက်ခက်ခဲခဲကစားရပါလိမ့်မယ်။ နော်တင်ဟမ်ရဲ့အားကောင်းတဲ့ ခံစစ်နဲ့ တန်ပြန် တိုက်စစ်က ဘုန်းမောက်ရဲ့ အားကောင်းတဲ့ ဘောလုံးပိုင်ဆိုင်မှု အခြေပြုကစားဟန်ကို ရင်ဆိုင်ရမှာဖြစ်ပြီး နှစ်သင်းစလုံးအတွက်လည်း ခက်ခဲနိုင်တယ်။ ဒါပေမဲ့ လက်ရှိ ဘရိုက်တန်အသင်းရဲ့ခံစစ်က လူပြန်စုံခဲ့ပြီးနောက် အသင်းလိုက်ကစားဟန်ပါ သိသိသာသာတိုးတက်လာတာနဲ့ တိုက်စစ်မှာ အရင်းအမြစ် ကြွယ်ဝတာတွေကြောင့် ဘရိုက်တန်ကို ကြိုက်တယ်။