
ဆိုစီဒက် - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၇:၃၀ နာရီ)
ဆိုစီဒက်အတွက် သိပ်မခက်နိုင်တဲ့ပွဲပါပဲ။ ဒါပေမဲ့ ဒီပွဲပြီးရင် စပိန်ဘုရင့်ဖလား ဆီမီးဒုကျော့ပွဲ နွှဲဖို့ရှိနေတာရယ်၊ ဗယ်လာဒိုလစ် တန်းမဆင်းရေး ရုန်းကန်နေရတာရယ်ကြောင့် ဆိုစီဒက် နိုင်ရင်တောင် ဂိုးပြတ်ဖို့ ခက်မယ့်ပွဲလို့ ထင်တယ်။
အက်စ်ပန်ညို - အက်သလက်တီကို (မြန်မာစံတော်ချိန် မတ်လ၂၉ ရက် ည ၉:၄၅ နာရီ)
ဒီပွဲအပြီး ဘာစီလိုနာနဲ့ ကစားရမယ့် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ဒုအကျော့ပွဲကို အက်သလက်တီကို အာရုံစိုက်ထားနိုင်တယ်။ အခုပွဲက အဝေးကွင်းလည်း ဖြစ်နေလို့ အက်သလက်တီကို အင်အားကုန်ထုတ်သုံးဖို့ မရှိလောက်ဘူး။ အက်စ်ပန်ညိုက အိမ်ကွင်းကစားအားကောင်းတဲ့ အသင်းဖြစ်လို့ အက်သလက်တီကို ရုန်းကန်ရနိုင်တယ်။ ဒါကြောင့် ဂိုးအနည်းသရေပွဲလောက်ပဲ မှန်းထားချင်တယ်။
အလာဗတ်စ် - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၁၂:၀၀ နာရီ)
အလာဗတ်စ်က အိမ်ကွင်းကစားပုံ ငြိမ်သလို ဗယ်လက်ကာနိုကလည်း ကွင်းမရွေးထိန်းကစားတတ်တယ်။ အလာဗတ်စ်က တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေသလို၊ အိမ်ကွင်းလည်းဖြစ်လို့ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ရွေးထားမယ်။
ရီးယဲလ်မက်ဒရစ် - လီဟာနက်စ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် နံနက် ၂:၃၀ နာရီ)
လီဟာနက်စ်ဟာ ရီးယဲလ်ကို အဝေးကွင်းမှာတော့ ရီးယဲလ်ကို ယှဉ်နိုင်လေ့မရှိဘူး။ လက်ရှိမှာလည်း လီဟာနက်စ် ကစားပုံလျော့နေပြီး တန်းဆင်းဇုန်ထဲတောင် ရောက်နေတယ်။ ရီးယဲလ်မက်ဒရစ်က နိုင်ငံပွဲတွေအပြီးမှာ ကစားသမားတွေ ပွဲပန်းတာမျိုး ရှိနိုင်တာကလွဲလို့ ကျန်တာတွေမှာ ပြောစရာ သိပ်မရှိဘူး။ အခုနောက်ပိုင်း တိုက်စစ်ကလည်း ဂိုးတွေရနေပြီး နိုင်ပွဲတွေလည်း ဆက်နေလို့ ဒီပွဲက ရီးယဲလ်မက်ဒရစ်အတွက် စိုးရိမ်စရာ မရှိလောက်ဘူး။ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။