
ဘိုင်ယန်မြူးနစ် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၉:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက နောက်ဆုံး(၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဆန့်ပေါ်လီကတော့ နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရခဲ့တယ်။ ဘိုင်ယန် နိုင်ပွဲပြန်ရှာဖွေမှာဖြစ်ပြီး အနိမ့်ဆုံး (၂)ဂိုးပြတ်လိမ့်မယ်။
ဟော်ဖန်ဟင်မ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၉:၀၀ နာရီ)
အော့စ်ဘတ်အသင်းက အမှတ်ပေးပွဲ (၁၀)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားခဲ့တယ်။ ဒီပွဲလည်း အော့စ်ဘတ် အမှတ်ရလိမ့်မယ်။
ဝုလ်ဖ်ဘတ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၉:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း(၄)ပွဲဆက်တိုက် သရေကျခဲ့တယ်။ ဒီပွဲတော့ ဝုလ်ဖ်ဘတ် နိုင်ပွဲပြန်ရမယ်ထင်တယ်။
မိုချန်ဂလာဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၉:၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်းက အိမ်ကွင်းနောက်ဆုံး(၅)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ လိုက်ပ်ဇစ်ကလည်း နိုင်ပွဲပြန်တွေ့ထားပေမဲ့ သရေပွဲတွေ များနေပါတယ်။ အိမ်ကွင်းမှာ မိုချန် အမှတ်ရလိမ့်မယ်။
ဟော်စတိုင်ကီလ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၉:၀၀ နာရီ)
ဟော်စတိုင်ကီလ်အသင်းက အမှတ်ပေးဇယားအောက်ဆုံး ရောက်သွားခဲ့တယ်။ ဝါဒါဘရီမင်လည်း ရလဒ်ပိုင်းမစွံလို့ သရေကျဖို့များတယ်။
ဖရန့်ဖတ် - စတုဂတ် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၁၂:၀၀ နာရီ)
စတုဂတ်အသင်းက အမှတ်ပေးပွဲ (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတယ်။ အဝေးကွင်းရလဒ်ပိုင်းကတော့ မဆိုးရွားတဲ့ အခြေအနေပါ။ ဖရန့်ဖတ်ကတော့ အိမ်ကွင်း(၂)ပွဲ ဆက်တိုက် အရေးနိမ့်ခဲ့တယ်။ လက်ရှိအခြေအနေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖရန့်ဖတ်အသင်းက အမှတ်ပိုလိုအပ်တဲ့ အနေအထားပါ။ အိမ်ကွင်းမှာတော့ ဖရန့်ဖတ် အနိမ့်ဆုံးသရေကစားလိမ့်မယ်။