
Reims - မာဆေးလ် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၁၀:၃၀ နာရီ)
Reims က တန်းဆင်းဇုန်နားရောက်နေပြီး နောက်ဆုံး (၆)ပွဲဆက် ဂိုးပေါက်ပျောက်ထားတယ်။ မာဆေးလ်နိုင်ပွဲပြန်ရဖို့ များတယ်။
စိန့်အက်တီယန် - PSG (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် နံနက် ၀၀:၃၀ နာရီ)
ပြင်သစ်ဘီလူး PSG က ပုံစံကောင်းပြနေပြီး ဂိုးပြတ်နိုင်ပွဲ တွေယူနေတယ်။ ဒါပေမဲ့ တန်းမဆင်းရဖို့ကြိုးစားမယ့် စိန့်အက်တီယန်နဲ့ အရဲစွန့်ချင်တယ်။
မိုနာကို - နိုက်စ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် နံနက် ၂:၃၅ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဖြစ်ပြီး ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တယ်။ မိုနာကိုက ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် ပြည်တွင်းပြိုင်ပွဲကို ပိုမိုအားစိုက်လာတယ်။ အထူးသဖြင့် အိမ်ကွင်းနောက်ဆုံး (၄)ပွဲဆက် အနိုင်ရထားတဲ့ မိုနာကိုရဲ့ ခြေစွမ်းကလည်း ချီးကျူးစရာကောင်းပါတယ်။ နိုက်စ်ကတော့ နောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲပျောက်ပြီး အဆင့် (၄)နေရာကို ဆင်းပေးခဲ့ရတယ်။ အတွေ့အကြုံပိုင်း လိုအပ်ချက်တွေရှိပြီး အရေးကြီးတဲ့ပွဲတွေမှာ နိုက်စ်အသင်း ခြေချော်ခဲ့တယ်။ ပထမအကျော့က အနိုင်ရထားပေမဲ့ ဒီပွဲတော့ နိုက်စ်အသင်း လွယ်ကူမှာ မဟုတ်ဘူး။ မိုနာကိုပဲ ကြိုက်တယ်။