Eleven Media Group

■ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ပရက်စတန် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၇:၀၀ နာရီ)
အက်စတွန်ဗီလာအသင်းကလည်း ထိပ်တန်းတိုက်စစ်အစုအဖွဲ့၊ အားကောင်းတဲ့ ကစားသမားရင်းမြစ်တွေနဲ့အတူ ပြိုင်ပွဲစုံမှာ ဟန်ချက်ညီ လျှောက်လှမ်းနေတာကို တွေ့ရတယ်။ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘရုဂေးအသင်းနဲ့ပွဲကို နောက်ဆုံး ကစားထားပြီး အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ကစားခဲ့တာက ဗီလာကို အသင်းကြီး တစ်သင်းလို ယုံကြည်မှုမျိုး ဖြစ်ပေါ်စေတယ်။ ပြည်တွင်းပွဲတွေမှာလည်း နောက်ဆုံး (၂) ပွဲမှာ ကာဒစ်ဖ်နဲ့ ဘရန့် ဖို့ဒ်နှစ်သင်းစလုံးကို ပေးဂိုးမရှိ အနိုင်ရထားတာကိုတွေ့ရ တယ်။ ပရက်စ်တန်ကတော့ လိဂ်ချန်ပီယံရှစ်မှာ ရလဒ်ပိုင်း မတည်ငြိမ်တဲ့အသင်းတစ်သင်းပါ။ အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ အားသာပေမယ့် ဗီလာရဲ့အဝေးကွင်းအတွေ့အကြုံနဲ့ ကစားသမားအင်အားက ဗီလာကိုအသာရစေမှာပါ။


ဘုန်းမောက် - မန်စီးတီး (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၀:၀၀ နာရီ)
ဘုန်းမောက်က နောက်ဆုံးကစားခဲ့တဲ့ (၅) ပွဲမှာ ဝုလ်ဗ်တစ်သင်းတည်းကိုအနိုင်ရခဲ့တယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရပ်တည်မှုက သိသိသာသာပြုတ်ကျသွားခဲ့တယ်။ ဒါပေမဲ့ အမှတ်တွေကတော့ အပေါ်ပိုင်းမှာ လုံးနေတာကြောင့် ဥရောပဝင်ခွင့်တနေရာအတွက် မျှော်လင့်ချက် ရှိနေတုန်းပါ။ ဘုန်းမောက်အသင်းရဲ့ကစားပုံကတော့ ဒီပွဲတွေအားလုံးမှာ သိသိသာသာ ဆိုးရွားသွားတယ်ရယ်လို့ မရှိပဲ ပုံမှန်ခြေစွမ်း မျိုးရှိတာတွေ့ရတယ်။ မန်စီးတီးအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေဆဲပါပဲ။ တစ်ရာသီလုံး မပြနိုင်သေးတဲ့ အကောင်းဆုံးပုံစံကို အခုအချိန်မှာလည်း မပြနိုင်သေးတဲ့ ပုံစံကို တွေ့ရတယ်။ ဘုန်းမောက်နဲ့ မန်စီးတီးက ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲပဲ ကစားရသေးပြီး ဘုန်းမောက်က အိမ်ကွင်းမှာ အနိုင်ရထားတာကို တွေ့ရတယ်။ အခု ဒီပွဲလည်း ဘုန်းမောက်အိမ်ကွင်းမှာ ကစားမှာဖြစ်ပြီး မန်စီးတီးရဲ့လက်ရှိခြေစွမ်းနဲ့ကတော့ ဘုန်းမောက်ကို ကျော်ဖြတ်ဖို့ ခက်ပါတယ်။ တစ်ခုရှိတာက ဒီအဆင့်အထိရောက်နေပြီဖြစ်တဲ့ ဖလားပွဲတစ်ပွဲကို အာရုံစိုက်နိုင်တဲ့အတွက် မန်စီးတီး ရလဒ်ကောင်းနိုင်ပါတယ်။

မူရင်းသတင်း — Eleven Media Group