Eleven Media Group

■ လာလီဂါပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

ဂီတာဖေး - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ညနေ ၆:၃၀ နာရီ)
ဒီနှစ်သင်းဆုံရင် သရေပွဲတွေ များတယ်။ လက်ရှိမှာ ဗီလာရီးယဲလ်ကလည်း အဝေးကွင်းကစားအားရော၊ ဂိုးသွင်းနှုန်းပါ ကျသလိုဖြစ်နေလို့ အိမ်ကွင်းမှာ ပိုမာကျောတဲ့ ဂီတာဖေးကို အနိုင်ယူနိုင်ဖို့ လွယ်မယ်မထင်ဘူး။ ဂိုးအနည်းသရေပွဲပဲ ဖြစ်မယ်လို့ ထင်တယ်။


ဘာစီလိုနာ - ဂျီရိုနာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၈:၄၅ နာရီ)
ဘာစီလိုနာက ပွဲကျပ်တွေဆက်တိုက် ကစားရဖို့ ရှိနေပြီး ဒဏ်ရာပြဿနာတွေလည်း တိုးလာလို့ အတော်လေးကို ဂရုတစိုက် ဖြတ်သန်းရမယ့် အချိန်မျိုး ဖြစ်နေတယ်။ ကာဆာဒို ဒဏ်ရာရနေတာကြောင့် ဘာစီလိုနာကွင်းလယ်အားပျော့သွားနိုင်တယ်။ ဂျီရိုနာနဲ့ပွဲပြီးရင် အက်သလက်တီကိုနဲ့ စပိန်ဘုရင့်ဖလား ဆီမီးဒုအကျော့အဖြစ် အက်သလက်တီကိုနဲ့ အဆုံးအဖြတ်ပွဲ နွှဲရဦးမှာဖြစ်လို့ ဘာစီလိုနာဆီက အများကြီး မျှော်လင့်ထားလို့ မဖြစ်ဘူး။ ဘာစီလိုနာ ဂိုးနည်းနည်းနဲ့ပဲ အနိုင်ရမယ့်ပွဲမျိုးလို့ ထင်တယ်။


ဘီလ်ဘာအို - အိုဆာဆူနာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၁:၀၀ နာရီ)
ဘီလ်ဘာအိုကလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ပြီး ကစားနေတယ်။ အိုဆာဆူနာကတော့ ဒီပွဲမတိုင်ခင် ဘာစီလိုနာနဲ့ပွဲကျန်ကစားထားရလို့ ပွဲပန်းနေနိုင်တယ်။ ခုတလော အိုဆာဆူနာခံစစ်ကလည်း လျော့နေလို့ ဘီလ်ဘာအို တိုက်စစ်ကို ထိန်းနိုင်ဖို့ မရှိဘူး။ ဘီလ်ဘာအိုနဲ့ ဂိုးအများပါပဲ။


ဗလင်စီယာ - မာယော့ကာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၁:၀၀ နာရီ)
တန်းဆင်းအန္တရာယ်က ဗလင်စီယာ အလွတ်ရုန်းနေပေမဲ့ အစဉ်အလာအရတော့ မာယော့ကာကို သိပ်မယှဉ်နိုင်တာ တွေ့ ရတယ်။ ခုနောက်ပိုင်း မာယော့ကာ ကစားပုံပြန်ငြိမ်လာနေလို့ ဒီပွဲက သရေပွဲဖြစ်ဖို့ များလိမ့်မယ်။ ဂိုးနည်းမယ်။


ဘက်တစ် - ဆီဗီလာ (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁:၃၀ နာရီ)
ဆီဗီးလ်ဒါဘီပွဲပီပီ အကြိတ်အနယ်ရှိလာနိုင်ပေမဲ့ ဘက်တစ်ကတော့ ခုနောက်ပိုင်း အိမ်ကွင်းကစားအားပြန်တက်နေပြီး တိုက်စစ်ပိုင်းကလည်း ပိုထက်မြက်သလို တွေ့နေရတယ်။ ဆီဗီလာကတော့ ကစားပုံမဆိုးပေမဲ့ အဝေးကွင်းဆိုရင် သိပ်ပြီးတော့ စိတ်မချရဘူး။ ဥရောပဝင်ခွင့်တစ်နေရာအတွက် အစွမ်းကုန်ကြိုးစားနေတဲ့အပြင် ခြေမှန်နေတဲ့ ဘက်တစ်နဲ့ ဂိုးအများပဲ ကောင်းမယ်။

မူရင်းသတင်း — Eleven Media Group