Eleven Media Group

■ စီးရီးအေပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ကာဂလီယာရီ - မွန်ဇာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ညနေ ၅:၀၀ နာရီ)
ကာဂလီယာရီက အိမ်ကွင်းနောက်ဆုံး (၇)ပွဲမှာ (၄)ပွဲ အထိရှုံးခဲ့ပေမဲ့ ပြိုင်ဘက်ကောင်းတွေ အရေးနိမ့်ခဲ့တာပါ။ မွန်ဇာကတော့ တကယ်ကို ဆိုးရွားလွန်းပြီး ကစားပုံကအစ ရည်ရွယ်ချက်မဲ့နေသလိုပါပဲ။ ကာဂလီယာရီ နိုင်လိမ့်မယ်။


ဖီအိုရင်တီးနား - အတ္တလန်တာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၇:၃၀ နာရီ)
ဖီအိုရင်တီးနားက အဝေးကွင်းအားနည်းချက်တချို့ရှိပေမဲ့ အိမ်ကွင်းဆိုရင်တော့ ကစားပုံမဆိုးပါဘူး။ စီးရီးအေအိမ် ကွင်းနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိ အနိုင်ရခဲ့တဲ့ ဖီအိုရင်တီးနားရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်က ချီးကျူးစရာကောင်းတယ်။ အတ္တလန်တာကလည်း ထူးထူးခြားခြား အိမ်ကွင်းထက် အဝေးကွင်းပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနေတယ်။ စီးရီးအေ အဝေးကွင်းနောက်ဆုံး (၄)ပွဲဆက် အနိုင်ရထားပြီး အဝေးကွင်း ဆိုရင် တိုက်စစ်က ပိုဂိုးမြူးတတ်ပါတယ်။ အတ္တလန်တာ သရေနဲ့ အနိုင်ပါပဲ။ ဂိုးများနိုင်ပါတယ်။


အင်တာမီလန် - အူဒီးနီးစ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၀:၃၀ နာရီ)
အင်တာမီလန်က အူဒီးနီးစ်နဲ့တွေ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက် အနိုင်ရခဲ့တယ်။ လက်ရှိချန်ပီယံအင်တာမီလန်အသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ဖို့အတွက်ဆိုရင် ဒိီလိုပွဲမျိုးကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်ပါတယ်။ အူဒီးနီးစ်ကတော့ နောက်ဆုံးပွဲမှာ ဗီရိုနာကို ရှုံးခဲ့ တယ်။ အိမ်ကွင်းမှာ အင်တာမီလန်အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။


နာပိုလီ - အေစီမီလန် (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁:၁၅ နာရီ)
နာပိုလီရဲ့ ကွင်းတွင်းခြေစွမ်းက တည်ငြိမ်မှုနည်းပါးနေဆဲဖြစ်ပြီး နောက်ဆုံးပွဲမှာလည်း ဗင်နီဇီယာကို အနိုင်မကစားနိုင်ခဲ့ဘူး။ လူကာကူက အားကိုးရပေမဲ့ ပွဲတိုင်းအလုပ်မဖြစ်ဘူးလို့ဆိုရမှာဖြစ်ပြီး နေရိစ်ကလည်း အသင်းကထွက်ခွာသွားတဲ့ ခါဗာရာစကယ်လီယာလောက် အားမကိုးရဘူး။ အေစီမီလန်ကို ကြည့်ရင်လည်း နောက်ဆုံး (၂)ပွဲဆက် နိုင်ခဲ့ပေမဲ့ အတော့်ကို ရုန်းကန်ခဲ့ရတယ်။ နည်းပြသစ် ကွန်ဆေးဆာအိုလက်ထက်မှာ ခံစစ်ချို့ယွင်းမှုတွေကို ပြင်ဆင်နိုင်ခြင်းမရှိသေးဘူး။ နာပိုလီ ရလဒ်ကောင်းနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။

မူရင်းသတင်း — Eleven Media Group