Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဖရိုင်းဘတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၈:၀၀ နာရီ)
ဖရိုင်းဘတ်အသင်း (၃)ပွဲဆက်တိုက် သရေကျခဲ့ပြီး အဖိုးတန်အမှတ်တွေ ဆုံးရှုံးခဲ့တယ်။ ဒီပွဲမှာ ဖရိုင်းဘတ် နိုင်ပွဲပြန်ရဖို့ များတယ်။


ဒေါ့မွန် - မိန့်ဇ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၀:၀၀ နာရီ)
မိန့်ဇ်အသင်းရဲ့အမြင့်ပျံနေမှုက ဖရိုင်းဘတ်နဲ့တွေ့ဆုံမှုမှာ ရပ်တန့်ခဲ့ရပေမဲ့ ပွဲချိန် (၄၃) မိနစ်ကတည်းက (၁၀)ဦးတည်းနဲ့ ကစားခဲ့ရပြီး နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းနဲ့တွေ့ဆုံမှုတွေမှာလည်း နောက်ဆုံး(၂)ပွဲဆက် အနိုင်ရထားပြီး (၂)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ ဒေါ့မွန်အသင်းက နောက်ဆုံးကစားထားတဲ့ အိမ်ကွင်း(၇)ပွဲမှာလည်း တစ်ပွဲပဲ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် မလွယ်တော့တဲ့ အခြေအနေပါပဲ။ ဒီနှစ်သင်းအကြား အသင်းလိုက်စိတ်ဓာတ်ပိုင်းကတော့ အတော်လေး ကွာခြားနေတယ်။ မိန့်ဇ်အသင်း အမှတ်ရမယ်ထင်တယ်။

မူရင်းသတင်း — Eleven Media Group