Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

တူးလူး - ဘရက်စ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၇:၃၀ နာရီ)
ဘရက်စ်က တူးလူးနဲ့တွေ့တဲ့ နောက်ဆုံး (၇)ပွဲဆက် မရှုံးခဲ့ဘဲ (၄)ပွဲနိုင်ခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ကြိုးစားမယ့် တူးလူးကို ကြိုက်တယ်။


အန်ဂါစ် - ရန်းစ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၄၅ နာရီ)
အန်ဂါစ်က နောက်ဆုံး (၃)ပွဲဆက် သွင်းဂိုးမဲ့ ရှုံးပွဲတွေကြုံ တွေ့ခဲ့တယ်။ အမှတ်ရသင့်တဲ့ ပွဲတွေဆိုရင် ပုံစံကောင်းပြတတ်တဲ့ ရန်းစ်ကို ကြိုက်တယ်။


အော်ဇေး - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၄၅ နာရီ)
အော်ဇေးက နောက်ဆုံး (၅)ပွဲမှာ (၈)မှတ်ရခဲ့တယ်။ မောင့်ပယ်လီယာက တန်းဆင်းမယ့်အသင်းဖြစ်ပြီး ဆိုးရွားလွန်းပါတယ်။ အော်ဇေး အနိုင်ရလိမ့်မယ်။


လူအယ်ဗာ - နန့်စ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၄၅ နာရီ)
လူအယ်ဗာက တိုက်စစ်မဆိုးပေမဲ့ ခံစစ်က ပေးဂိုးနှုန်းအရမ်းများတယ်။ သရေကျဖို့များပြီး (၂)သင်းပေါင်းသွင်းဂိုး များနိုင်ပါတယ်။


လိုင်လီ - လန်းစ် (မြန်မာစံတော်ချိန် မတ်လ ၁၇ ရက် နံနက် ၁:၁၅ နာရီ)
လိုင်လီက အဝေးကွင်းနောက်ဆုံး (၂)ပွဲဆက် ရှုံးခဲ့ပေမဲ့ အိမ်ကွင်းပွဲတွေဆိုရင်တော့ စိတ်ချရတယ်။ လန်းစ်က နောက်ဆုံး (၂)ပွဲဆက် နိုင်ခဲ့ပေမဲ့ ကံကြမ္မာကြောင့်လည်း ပါပါတယ်။ လိုင်လီ အိမ်ကွင်းနိုင်ပွဲဆက်မယ်။

မူရင်းသတင်း — Eleven Media Group