
■ လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
ဗယ်လက်ကာနို - အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁:၃၀ နာရီ)
လက်ရှိ ဒီ (၂) သင်းရဲ့ ခြေစွမ်းပိုင်းက သိပ်မကွာလှဘူး။ ဒါပေမဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ ဗယ်လက်ကာနိုက အိမ်ရှင်ဖြစ်နေပြီး အက်စ်ပန်ညိုရဲ့ အဝေးကွင်းခြေစွမ်းမငြိမ်မှုက ဒီပွဲရဲ့အဖြေ ဖြစ်သွားနိုင်တယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းကို ပိုကြိုက်တယ်။
■ စီးရီးအေပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်
ဂျီနိုအာ - အူဒီးနီးစ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁:၁၅ နာရီ)
ဂျီနိုအာက အိမ်ကွင်းမာဂုဏ်မြင့်ပြီး နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲတွေလည်း တောက်လျှောက်ရလာတယ်။ အူဒီးနီးစ်ကလည်း နိုင်ပွဲပြန်ရဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ အဝေးကွင်းဖြစ်တာကြောင့် အူဒီးနီးစ်အတွက် ခက်ခဲနိုင်တယ်။ ဂျီနိုအာကို ကြိုက်တယ်။
■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
အော့စ်ဘတ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပြန်ရထားပေမဲ့ စွမ်းဆောင်ရည်က ပုံမှန်အနေအထား မရောက်သေးဘူး။ ဒီပွဲပြီးရင်လည်း အင်တာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားပွဲ ကစားဖို့ရှိနေလို့ အခုပွဲအပေါ် အာရုံစိုက်မှု လျော့ကျနေနိုင်တာ သတိပြုရမယ်။ ဒါ့အပြင် အော့စ်ဘတ်ကွင်းမှာ နောက်ပိုင်းနှစ်တွေထဲ ဘိုင်ယန်အသင်း အနိုင်ရခဲ့ရင်လည်း ဂိုးမပြတ်တော့တာ တွေ့ရတယ်။ အော့စ်ဘတ်အသင်းကတော့ အသင်းလိုက် အတော်တည်ငြိမ်နေပြီး ဘွန်ဒစ်လီဂါ(၁၁)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဘိုင်ယန်အသင်း ဂိုးမပြတ်လောက်ဘူး။
■ ပြင်သစ်လီဂူးပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
နိုက်စ် - နန့်စ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၂:၁၅ နာရီ)
နန့်စ်က တန်းဆင်းဇုန်အန္တရာယ်ရှိနေလို့ ရုန်းကန်နေပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ နိုက်စ်အသင်းကို ယှဉ်နိုင်ဖို့ မရှိပါဘူး။ အဆင့် (၄) နေရာအတွက် ပြိုင်ဆိုင်မှုတွေ ရှိနေလို့ ဒီပွဲမှာ နိုက်စ်တို့ ဂိုးပြတ်အနိုင်ရပါလိမ့်မယ်။