Eleven Media Group

■ ဆန်ချိုကို အပြီးသတ်ခေါ်ယူရန် ချယ်လ်ဆီးအသင်းကို ရိုက်ဖီးလစ် တိုက်တွန်း

Photo: Getty Images

ချယ်လ်ဆီးအသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ရှောင်ရိုက်ဖီးလစ်က ချယ်လ်ဆီးအသင်းအနေဖြင့် ဆန်ချိုကို ခေါ်ယူသင့်သည်ဟု တိုက်တွန်းခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဆန်ချိုကို မန်ယူအသင်းထံမှ အငှားခေါ်ယူထား ခြင်းဖြစ်ပြီး ပေါင်(၂၅)သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် ဆန်ချိုအနေဖြင့် ခြေစွမ်းမပြနိုင်ခြင်းမရှိသည့်အပြင် ရုန်းကန်နေရသဖြင့် ချယ်လ်ဆီးအသင်းအနေဖြင့် ၎င်းအား အပြီးသတ်ခေါ်ယူလိုခြင်းမရှိတော့ကြောင်း သိရှိရသည်။

ယခုလိုသတင်းများထွက်လာသည့်အတွက် ရို်က်ဖီးလစ်က ချယ်လ်ဆီးအသင်းအနေဖြင့် ဆန်ချိုကို အပြီးသတ်ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆန်ချိုကိုယ်တိုင်ကမူ ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် အသင်းဟောင်း ဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group