Eleven Media Group

■ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၃၁ တွင် အမေရိကန်၊ ၂၀၃၅ တွင် အင်္ဂလန်၌ကျင်းပဖွယ်ရှိ

Photo: Sky Sports

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၃၁ တွင် အမေရိကန်နိုင်ငံ၊ ၂၀၃၅ တွင် အင်္ဂလန်နိုင်ငံ၌ ကျင်းပဖွယ်ရှိကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားခဲ့သည်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၁ ခုနှစ်မှစ၍ (၄)နှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး လာမည့် ၂၀၂၇ ခုနှစ်ပြိုင်ပွဲကို ဘရာဇီးလ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

၂၀၃၁ ပြိုင်ပွဲမှစ၍ အသင်းအရေအတွက် တိုးမြှင့်ကျင်းပသွားရန် စီစဉ်ထားပြီး လက်ရှိအချိန်၌ ယင်းပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လျှောက်ထားသည်မှာ အမေရိကန်တစ်နိုင်ငံတည်းသာ ရှိသလို၊ ၂၀၃၅ ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လျှောက်ထားသည်မှာလည်း အင်္ဂလန်တစ်နိုင်ငံတည်းသာရှိကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါနိုင်ငံများအနေဖြင့် လျှောက်ထားသည့် ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖွယ်ရှိကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖီဖာသည် အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲနည်းတူ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဒေသအလိုက် အလှည့်ကျစနစ်ဖြင့် ကျင်းပခွင့်ပြုလျက်ရှိရာ ၂၀၃၅ ပြိုင်ပွဲမှာ ဥရောပသို့ အာဖရိကတွင် ကျင်းပရမည့်အလှည့်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group