
လက်ချီ - ဗင်နီဇီယာ (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ညနေ ၅:၀၀ နာရီ)
လက်ချီက နောက်ဆုံး (၇)ပွဲဆက် နိုင်ပွဲပျောက်နေပြီး တန်းဆင်းဇုန်နား ရောက်လာတယ်။ ဗင်နီဇီယာကလည်း ကစား ပုံပိုကောင်းလာတဲ့အသင်းပါ။ ဒါပေမဲ့ အိမ်ကွင်းမှာ လက်ချီနိုင်ပွဲပြန်ရနိုင်တယ်။
အမ်ပိုလီ - ကာဂလီယာရီ (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၇:၃၀ နာရီ)
အမ်ပိုလီက ၂၀၂၅ ခုနှစ်အတွင်းကစားတဲ့ စီးရီးအေ (၁၅) ပွဲစလုံး နိုင်ပွဲမရသေးဘူး။ ကာဂလီယာရီကလည်း အားနည်းချက်တွေ များပါတယ်။ သရေကျဖို့များပြီး (၂)သင်းပေါင်းသွင်းဂိုး အနည်းကို ကြိုက်တယ်။
တိုရီနို - ဗီရိုနာ (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၇:၃၀ နာရီ)
တိုရီနိုက အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပေမဲ့ အမှတ်လေလွင့်မှုနည်းအောင် ကစားနေတယ်။ ဗီရိုနာကလည်း ပြိုင်ဘက်ကောင်းတွေဆိုရင် ဒုက္ခပေးနိုင်တဲ့ ပုံစံမျိုးပြနေတယ်။ ဗီရိုနာ သရေရနိုင်ပါတယ်။
အတ္တလန်တာ - လာဇီယို (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၁၀:၃၀ နာရီ)
အတ္တလန်တာက နောက်ဆုံး (၂)ပွဲမှာ အင်တာမီလန်နဲ့ ဖီအိုရင်တီးနားတို့ကို ရှုံးခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားလုပ်ခွင့် သိပ်မရှိတော့ဘူးလို့ ဆိုရမယ်။ ရေတယ်ဂီ ဂိုးပေါက်ပျောက်တဲ့ပွဲတွေဆိုရင် အတ္တလန်တာအသင်း ရုန်းကန်ရတာကတော့ စိတ်ပျက်စရာပါပဲ။ လာဇီယိုကလည်း အေစီမီလန်ကို နိုင်ပြီးကတည်းက အမှတ်ဆုံးရှုံးမှုတွေများခဲ့တယ်။ အိမ်ကွင်းမှာ အတ္တလန်တာအသင်း နိုင်ပွဲပြန်ရလိမ့်မယ်။
ရိုးမား - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဧပြီလ ၇ ရက် နံနက် ၁:၁၅ နာရီ)
ရိုးမားကတော့ နိုင်ပွဲဆက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှင်သန်လာခဲ့တယ်။ စီးရီးအေနောက်ဆုံး (၃)ပွဲဆက် Clean Sheet ရခဲ့တဲ့ သူတို့ရဲ့ ခံစစ်ကိုလည်း ချီးကျူးရမှာဖြစ်ပြီး တည်ငြိမ်မှုအပြည့်ရှိတာကိုလည်းတွေ့ရတယ်။ ဂျူဗင်တပ်စ်ကလည်း နည်းပြ မော့တာထွက်ပြီးတော့မှ ဂျီနိုအာနဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့တယ်။ ဒါပေမဲ့ ရုန်းကန်နေရဆဲဖြစ်ပြီး အားကောင်းတဲ့ပုံစံမျိုးမပြနိုင်သေးဘူး။ ရောမမြေမှာ ကစားရမှာဖြစ်တာကြောင့် ရိုးမားနဲ့ပဲ ရပ်တည်သင့်တယ်။ (၁-ဝ၊ ၂-၁) လောက်နဲ့ ရိုးမား နိုင်ဖို့ များတယ်။