Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

လန်းစ် - စိန့်အက်တီယန် (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၇:၃၀ နာရီ)
လန်းစ်က အပေါ်မရောက် အောက်မရောက်အသင်းဖြစ်ပြီး စိန့်အက်တီယန်ကတော့ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတယ်။ စိန့်အက်တီယန် သရေရနိုင်တယ်။


မောင့်ပယ်လီယာ - လူအယ်ဗာ (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၉:၄၅ နာရီ)
တန်းဆင်းဇုန်က နှစ်သင်း ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပြီး အကြိတ်အနယ် ရှိနိုင်တယ်။ အိမ်ကွင်းမှာ အမှတ်ရဖို့ ကြိုးစားမယ့် မောင့်ပယ်လီယာကို ရွေးထားချင်တယ်။


Reims - စထရာဘိုး (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၉:၄၅ နာရီ)
Reims က တန်းဆင်းအန္တရာယ်ရှိနေလို့ ရုန်းကန်နေပေမဲ့ Form မှန်နေတဲ့ စထရာဘိုးကို တောင့်ခံနိုင်ဖို့ မရှိဘူး။ စထရာဘိုးနဲ့ ဂိုးအများပဲ ကြိုက်တယ်။


ရန်းစ် - အော်ဇေး (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၉:၄၅ နာရီ)
ခြေစွမ်းသိပ်မကွာတဲ့ ရပ်တည်မှုအဆင့်ချင်းလည်း သိပ်မကွာလို့ အကြိတ်အနယ် ရှိနိုင်တယ်။ ဒီလိုပွဲမျိုးမှာ အိမ်ရှင်အား သာချက်တဲ့ ရန်းစ်ပဲ ရွေးထားချင်တယ်။


မာဆေးလ် - တူးလူး (မြန်မာစံတော်ချိန် ဧပြီလ ၇ ရက် နံနက် ၁:၁၅ နာရီ)
မာဆေးလ်က နောက်ပိုင်းပွဲတွေမှာ ကစားပုံလျော့နေပြီး ရှုံးပွဲတွေ ဆက်နေတယ်။ တူးလူးကလည်း ခြေကျနေတဲ့အသင်းဖြစ်လို့ ဒီပွဲတော့ မာဆေးလ် နို်င်ပွဲရမယ်ထင်တယ်။

မူရင်းသတင်း — Eleven Media Group