
ဖီနာဘာချီနည်းပြ မော်ရင်ဟိုသည် ဂါလာစာရေးနည်းပြ အိုကန်ဘူရက်ခ် ၏နှာခေါင်းကို ဆွဲညှစ်ခဲ့သည့်အတွက် (၃) ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။
ဧပြီလ (၂) ရက်က ကစားခဲ့သည့် တူရကီဖလား ကွာတားဖိုင်နယ် ပွဲစဉ် ဖီနာဘာချီ (၁-၂) ဂါလာစာရေးပွဲအပြီး၌ ကွင်းလယ်စက်ဝိုင်းနေရာတွင် ဖီနာဘာချီနည်းပြ မော်ရင်ဟိုသည် အနောက်မှနေ၍ ဂါလာတာစာရေးနည်းပြ အိုကန်ဘူရက်ခ်၏နှာခေါင်းကို ဆွဲညှစ်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်ကြောင့် ဘူရက်ခ်မှာ မျက်နှာကို လက်ဖြင့်အုပ်ကာ မြက်ခင်းပေါ်လဲကျခဲ့ပြီး ဒိုင်လူကြီးများက အခြေအနေကို ထိန်းသိမ်းခဲ့ရကြောင်း သိရှိရသည်။
ယခုအခါ တူရကီဘောလုံးအဖွဲ့ချုပ်က အဆိုပါလုပ်ရပ်အတွက် ဖီနာဘာချီနည်းပြ မော်ရင်ဟိုအား (၃) ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တူရကီဘောလုံးအဖွဲ့ချုပ်သည် ကနဦးက မော်ရင်ဟိုအား (၁၀) ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန်စီစဉ်ခဲ့သော်လည်း မော်ရင်ဟိုက သူ့အမှားကို ဝန်ခံခဲ့သဖြင့် လျော့ပေးခဲ့ခြင်းဖြစ်သည်။