
ဒီဘရိုင်းနားသည် မန်စီးတီးနှင့် လမ်းခွဲပြီးနောက် ဆော်ဒီလိဂ်သို့ ရောက်ရှိနိုင်ခြေအရှိဆုံးဖြစ်ကြောင်း ထင်ကြေးပေးခံထားရသည်။
ဒီဘရိုင်းနားကို ခေါ်ယူရန် ဥရောပမှ ကလပ်အသင်း(၃)သင်းအပါအဝင် ကလပ်အသင်း(၉)သင်းခန့်က စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပြီး ယင်းအထဲတွင် ဆော်ဒီလိဂ်မှ အယ်လ်နာဆာနှင့် အယ်လ်အစ်တီဟတ်၊ လာမည့်ရာသီတွင် ဆော်ဒီလိဂ်သို့ တန်းတက်ခွင့်ရရှိရန် နီးစပ်နေသည့် နီယွန်အသင်းတို့ ပါဝင်နေသည်။
ဆော်ဒီကလပ်များသည် ပြီးခဲ့သည့်ရာသီကတည်းက ဒီဘရိုင်းနားကို ခေါ်ယူရန် စတင်ကြိုးပမ်းခဲ့ပြီး ယခုအခါ လမ်းခွဲမည်ဟု အတည်ပြုလိုက်ပြီဖြစ်၍ လာမည့်နွေရာသီတွင် ပိုမိုကြိုးပမ်းလာဖွယ်ရှိသည်။
ထို့ကြောင့် ဆော်ဒီက လပ်တစ်သင်းသင်းသို့ ရောက်ရှိရန် (၄း၅)လေး သတ်မှတ်ခံထားရပြီး မေဂျာလိဂ်တစ်သင်းသင်းသို့ ရောက်ရှိရန် (၁၁း၄)လေး၊ ဘိုင်ယန်မြူးနစ်သို့ရောက်ရန် (၉း၁)လေး၊ ဂါလာတာစာရေးသို့ရောက်ရန် (၂၀း၁)လေး၊ ဖီနာဘာချီသို့ ရောက်ရန် (၂၅း၁)လေး သတ်မှတ်ခံထားရသည်။