Eleven Media Group

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: X

လက်စတာ နှင့် နယူးကာဆယ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

နယူးကာဆယ်က အဆင့် ၆ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့လည်း အမှတ်ကပ်နေတယ်။ အမှားမခံတဲ့ အခြေအနေဖြစ်ပြီး ခြေစွမ်းကလည်း တကယ်ထက်မြက်ပြီး အားကောင်းနေတာ တွေ့ရတယ်။ လက်စတာက တန်းဆင်းဖို့သေချာနေပါပြီ။ နယူးကာဆယ်ပဲနိုင်မယ်။

ဘိုလော့ဂ်နာ နှင့် နာပိုလီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဘိုလော့ဂ်နာက နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားပြီး အကောင်းဆုံးအနေအထားကို ရောက်နေတဲ့အသင်းလို့ ဆိုရမယ်။ အိမ်ကွင်းဆိုရင် ဘိုလော့ဂ်နာရဲ့ တိုက်စစ်ကစားပုံက အားရစရာကောင်းတယ်။ ပြည်တွင်းပြိုင်ဘက်တိုင်းကို ဒုက္ခပေးနိုင်တဲ့ အခြေအနေရှိနေပြီလို့ ဆိုရမယ်။ နာပိုလီကလည်း ချန်ပီယံဆုအတွက် ပွဲတိုင်းကို အာရုံစိုက်ကစားနေတယ်။ ဒါပေမဲ့ ခက်တာက သူတို့ရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ပါ။ ဘိုလော့ဂ်နာကွင်းမှာ နာပိုလီအသင်း အမြင့်ဆုံးသရေလောက်ပဲ ရမယ်ထင်တယ်။ (၂)သင်းပေါင်းသွင်းဂိုး များနိုင်ပါတယ်။

လီဟာနက်စ် နှင့် အိုဆာဆူနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

တန်းမဆင်းရရေး ရုန်းနေချိန်ရောက်မှာ လီဟာနက်စ်ကစားပုံလျော့နေသလို တွေ့ရတယ်။ အိုဆာဆူနာက စိတ်ချရရေး အမှတ်လိုနေသေးလို့ ဒီပွဲမှာ အမှတ်ယူဖို့ ကြိုးစားလိမ့်မယ်။ ဂိုးအနည်း သရေပွဲလို့ပဲ မှန်းထားချင်တယ်။

မူရင်းသတင်း — Eleven Media Group