
ဆောက်သမ်တန်အသင်း၏ ဂိုးသမား ရမ်းစ်ဒေးလ်ကို ပရိသတ်အချို့က တန်းဆင်းကျိန်စာသင့်နေသူဟု လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။
အင်္ဂလန်ဂိုးသမား ရမ်းစ်ဒေးလ်သည် ပြီးခဲ့သည့်နွေရာသီတွင် အာဆင်နယ်မှ ဆောက်သမ်တန်သို့ ပြောင်းရွှေ့ခဲ့ပြီး ယခုအခါ ဆောက်သမ်တန်အသင်း တန်းဆင်းခဲ့ရသည့်အတွက် ၎င်းကို လှောင်ပြောင်ကြခြင်းဖြစ်သည်။
ရမ်းစ်ဒေးလ်(၂၆ နှစ်)သည် ကစားသမားဘဝတွင် ပရီးမီးယားလိဂ်မှ (၃)ကြိမ်တန်းဆင်းခဲ့ရပြီး ၂၀၁၉ -၂၀ ရာသီတွင် ဘုန်းမောက်အသင်းနှင့် တစ်ကြိမ်၊ ၂၀၂၀-၂၁ ရာသီတွင် ရှက်ဖီးယူနိုက်တက်နှင့် တစ်ကြိမ်၊ ယခု ဆောက်သမ်တန်နှင့်တစ်ကြိမ် တန်းဆင်းခဲ့ရခြင်းဖြစ်သည်။
ရမ်းစ်ဒေးလ်သည် မူလက ဆောက်သမ်တန်အသင်း တန်းဆင်းခဲ့ရပါက အသင်းမှထွက်ခွာရန် စီစဉ်ထားသော်လည်း ယခုအခါ အသင်းနှင့် ဆက်လက်လက်တွဲသွားရန် စဉ်းစားနေကြောင်း သိရသည်။