
တကယ်ဆိုရင် PSG နည်းပြရာထူးကို လူးဝစ်အင်းနရစ် မလိုချင်ခဲ့ဘူး။ အရည်အသွေးထက် ပုဂ္ဂိုလ်ရေးကျော်ကြား မှုပုံရိပ်တွေနဲ့တည်ဆောက်ထားတဲ့ PSG ရပ်ဝန်း ကို သူသဘောမကျခဲ့ဘူး။ သူရောက်တော့ PSG မှာ နေမာမရှိတော့ဘူး၊ မက်ဆီကအင်တာမိုင်ယာမီကိုသွားချင်နေခဲ့ပြီ။ PSG နည်းပြဘ၀ ပထမဆုံးရာသီမှာ လူးဝစ်အင်းနရစ်က ဘာပေကို ခပ်မာမာဆက်ဆံတယ်။ ဘာပေဟက်ထရစ်သွင်းတဲ့ ပွဲအပြီးမှာပဲခံစစ်ကိုလိုက်မကူရကောင်းလားဆိုပြီး လူးဝစ်အင်းနရစ် ဆူပူကြိမ်းမောင်းခဲ့တာပါ။ လူးဝစ်အင်းနရစ်က "ဘာပေက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ရှိတိုင်းသာ ချန်ပီယံဆုရမယ် ဆိုရင် PSG က ချန်ပီယံလိဂ် ၈ ကြိမ်လောက်ရနေပါပြီ" လို့ ပြောဖူးတယ်။
ပြင်သစ်စကားလုံးထဲ လူးဝစ်အင်းနရစ် အစွဲမြဲဆုံးက on va gagner ဆိုတာပဲ။ မြန်မာလိုဆိုရင် "အောင်ပွဲယူကြမယ်"လို့အဓိပ္ပာယ် ရတယ်။ အဲဒီစကားလုံးကို PSG နည်းပြဘဝပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ လူးဝစ်အင်းနရစ် ပြောခဲ့တာပါ။ သူက "Je m'appelle Luis Enrique"(ကျွန်တော့်နာမည်လူးဝစ်အင်းနရစ်ပါ)ဆိုပြီးတော့လည်း ပြင်သစ်လို မိတ်ဆက်ခဲ့သေးတာပါ။ အခု လူးဝစ်အင်းနရစ်ရဲ့ကတိစကားဟာ အမှန်တကယ်ဖြစ်လာပြီ။ ရာသီမကုန်ဆုံးခင် ၆ ပွဲအလိုမှာ ချန်ပီယံဆုကို PSG ပိုင်ဆိုင်ခဲ့ပါပြီ။ PSG အသိုင်းအဝိုင်းအတွက် လီဂူးချန်ပီယံ ဆုဆိုတာ သိပ်ပြီးရင်ခုန်စရာမကောင်းပါဘူး။ ဒါပေမဲ့ လူးဝစ်အင်းနရစ်ရဲ့PSG က ပြင်သစ်လီဂူးကို ကျော်လွန်ပြီး ဥရောပအောင်ပွဲမျှော်လင့်ခွင့်ရှိနေတာပါ။
လူးဝစ်အင်းနရစ်က ရိုးသားပွင့်လင်းပြီး ဟိတ်ဟန်မရှိဘူး။ ဒါပေမဲ့ စိတ်အားထက်သန်တယ်၊ အပြောထက်အလုပ်ကို ဦးစားပေးသူပါ။ လူးဝစ်အင်းနရစ်မရောက်ခင်က PSG မှာ သူပုန်တွေ များခဲ့တယ်။ ကြယ်ပွင့်တွေရဲ့အတ္တတိုက်ပွဲများခဲ့တယ်။ အဲဒီပတ်ဝန်းကျင်ကို စုစည်းညီညွတ်ပြီး ထက်မြက်အောင် လူးဝစ်အင်းနရစ် အသွင်ပြောင်းပေးခဲ့တာပါ။ PSG ရဲ့လီဂူးချန်ပီယံသိမ်းပွဲဟာ ရှုံးပွဲမရှိမှတ်တမ်းကြောင့်ပိုပြီးထူးခြားနေတယ်။ ပြီးခဲ့တဲ့ရာသီကလိုမျိုး domestic treble ထပ်ရနိုင်သလို၊ ပထမဆုံးချန်ပီယံလိဂ်အောင်ပွဲကိုလည်း မျှော်လင့်ခွင့် ရှိနေပါတယ်။ အဲဒီအရာတွေထက်ပိုပြီး တန်ဖိုးရှိတဲ့ အရာကငွေကြေးနဲ့တည်ဆောက်ထားတဲ့အသင်းပုံစံကနေ လူငယ်တွေရဲ့အားနဲ့ ချီတက်တဲ့ပုံစံ ပြောင်းလဲလာတာပါပဲ။
လူးဝစ်အင်းနရစ်ရဲ့ဘဝက ဘယ်တုန်းကမှ မလွယ်ကူ၊ မချောမွေ့ခဲ့ဘူး။ ကံဇာတ်ဆရာရဲ့ခပ် ကြမ်းကြမ်းစမ်းသပ်ခန်းတွေကိုရင်ဆိုင်ခဲ့ရပါတယ်။၂၀၁၉ ခုနှစ်မှာ အရိုးကင်ဆာရောဂါကြောင့် လူးဝအင်းနရစ်ရဲ့သမီးလေး ဇာနာ ကွယ်လွန်ခဲ့တယ်။ သူ့သမီးကွယ်လွန်ပြီးနောက် လူးဝစ်အင်း နရစ်ပြောတဲ့စကားကကြေကွဲစရာပါ။ "သမီးလေးရဲ့ခန္ဓာကိုယ်က မရှိတော့ပေမဲ့ သူက ကျွန်တော်တို့အနားမှာ အတူရှိနေဆဲပါ" လို့ ပြောခဲ့တာပါ။ လူးဝစ်အင်းနရစ်ရဲ့အမေကလည်း သူ့မြေးမလေးဓာတ်ပုံတွေ ထုတ်မကြည့်ရဲတဲ့အထိ စိတ်ထိခိုက်ခဲ့ရတယ်။ လူးဝစ်အင်းနရစ်က "အမေက ဘာလို့သမီးလေးဓာတ်ပုံတွေသိမ်းထားတာလဲ၊ ထုတ်ထားစမ်းပါ၊ သမီးလေးက ရှင်သန်နေဆဲပါ" ဆိုပြီး ဒေါသစွက်နေတဲ့လေသံလေးနဲ့ပြောတတ်တယ်။ သမီးလေးမရှိတော့ပေမဲ့ လူးဝစ်အင်းနရစ်တို့မိသားစုက သူ့အကြောင်းအမြဲ ပြောဖြစ်တယ်။ ဇာနာရဲ့ရယ်စရာပုံရိပ်တွေပြန်ပြောရင်း ရယ်ကြတယ်။ တစ်နေရာရာကနေ ဇာနာကသူတို့ ကိုကြည့်နေလိမ့်မယ်လို့ လူးဝစ်အင်းနရစ် ယုံကြည်နေပါတယ်။ သမီးလေးအတွက်ရည်စူးပြီး လူးဝစ်အင်းနရစ်တို့ဇနီးမောင်နှံက ကျန်းမာရေးမကောင်းတဲ့ကလေးငယ်တွေကို ကူညီထောက်ပံ့ ပေးတဲ့ဖောင်ဒေးရှင်းတည်ထောင်ထားပါတယ်။
လူးဝစ်အင်းနရစ်က သဘာဝတရားကို ချစ်မြတ်နိုးတယ်။ ချစ်ခြင်းမေတ္တာကို ယုံကြည်တယ်။ မနက်ခင်းတိုင်းမှာ PSG အသင်းလေ့ကျင့် ရေးကွင်းမြက်ခင်းထက် ဖိနပ်မပါဘဲ လမ်းလျှောက် လေ့ရှိပါတယ်။ ခြေဗလာနဲ့မြက်ခင်းစိမ်းတွေ ကိုထိတွေ့ တိုင်း တစ်ခုခုခံစားမိတယ်လို့ လူးဝစ်အင်းနရစ် ပြောပြတယ်။ အဲဒီလိုခြေဗလာနဲ့ လမ်းလျှောက်တာဟာ spring allergies (ဓာတ်မတည့်မှု ကြောင့် နှာစေး၊ ချောင်းဆိုး၊ ယားယံအဖုအပိန့် ထတာ) မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ လူးဝစ်အင်းနရစ် ရှင်းပြပါတယ်။ လူးဝစ်အင်းနရစ်က သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်စေခိုင်းတတ်တယ်။ နေ့စဉ်နေ့တိုင်း မိနစ်သုံးဆယ်တစ်ခါ stretches လေ့ကျင့်ခန်းလုပ်တယ်။ အိမ်ရောက်ရင်လည်း ဆိုဖာနဲ့နံရံကြားမှာ မတ်တပ်ရပ်၊ လက်တစ်ဘက်က နံရံကိုထောက်၊ ခြေထောက်တစ်ဘက်ကွေးပြီး stretches လုပ်ပါတယ်။ သူ့ရဲ့အိမ် နဲ့ရုံခန်းဟာ Gym တစ်ခုလိုမျိုးဖွဲ့စည်းတည် ဆောက်ထားတာပါ။ လူးဝစ်အင်းနရစ်က Surfing (ရေပြင်ထဲဘုတ်ပြားနဲ့လှိုင်းစီးတာ)၊ ရေကူး၊ အပြေးနဲ့စက်ဘီးစီးတာတွေလည်း လုပ်ပါတယ်။ ဖရန့်ဖတ် ironman Challenge ပြိုင်ပွဲတုန်းက (၂ ဒဿမ ၄ မိုင်) ရေကူး၊ ၁၁၈ မိုင် စက်ဘီးစီးပြီး မာရသွန်အပြည့်ပြေးပြဖူးတယ်။ ဆာဟာရ ကန္တာရထဲမှာလည်း လူးဝစ်အင်းနရစ်က ခြောက်ရက်ကြာ ၁၁၅ မိုင်အပြေးပြိုင်ပွဲဆင်နွှဲဖူးပါတယ်။
၂၀၀၄ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူပြီးနောက် လူးဝစ်အင်းနရစ်က နည်းပြဘဝကိုပဲ မက်မက်စက်စက် ရွေးချယ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဖော်ဟောင်း ဂွါဒီယိုလာရဲ့ ဖလော်ဆော်ဖီက လူးဝစ်အင်းနရစ် နှလုံးသား ထဲစွဲမြဲခဲ့တယ်။ PSG မှာcultural shift ကို မမှိတ်မသုန်သရုပ်ဖော်ခဲ့ပါတယ်။ တကယ်ဆိုရင် PSG နည်းပြရာထူးကို လူးဝစ်အင်းနရစ် မလိုချင်ခဲ့ဘူး။ အရည်အသွေးထက် ပုဂ္ဂိုလ်ရေးကျော်ကြား မှုပုံရိပ်တွေနဲ့တည်ဆောက်ထားတဲ့ PSG ရပ်ဝန်း ကို သူသဘောမကျခဲ့ဘူး။ သူရောက်တော့ PSG မှာ နေမာမရှိတော့ဘူး၊ မက်ဆီကအင်တာမိုင်ယာမီကိုသွားချင်နေခဲ့ပြီ။ PSG နည်းပြဘ၀ ပထမဆုံးရာသီမှာ လူးဝစ်အင်းနရစ်က ဘာပေကို ခပ်မာမာဆက်ဆံတယ်။ ဘာပေဟက်ထရစ်သွင်းတဲ့ ပွဲအပြီးမှာပဲခံစစ်ကိုလိုက်မကူရကောင်းလားဆိုပြီး လူးဝစ်အင်းနရစ် ဆူပူကြိမ်းမောင်းခဲ့တာပါ။ လူးဝစ်အင်းနရစ်က "ဘာပေက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ရှိတိုင်းသာ ချန်ပီယံဆုရမယ် ဆိုရင် PSG က ချန်ပီယံလိဂ် ၈ ကြိမ်လောက်ရနေပါပြီ" လို့ ပြောဖူးတယ်။
မှန်တယ်ထင်ရင် ပြောဖို့ဝန်မလေးတာ လူးဝစ်အင်းနရစ်ရဲ့အကျင့်ပါပဲ။ သူက အသင်းတစ်သင်းကို တည်ဆောက်ချင်တယ်။ အောင်မြင်မှုဆို တာလူးဝစ်အင်းနရစ်ရဲ့ဒုတိယဦးစားပေးပါ။ အဲဒီ သဘောထားကို မကျေနပ်လို့ရာထူးက ထုတ်ပယ်မယ်ဆိုရင်လည်းဂရုစိုက်မယ့်သူမဟုတ်ဘူး။ "ဘောလုံးလောကရဲ့အဆိုးရွားဆုံးဖြစ်လည်း ကျွန်တော်မကြောက်ပါဘူး။ ရာထူးက ထုတ်ပယ်ခံရလည်း ပြဿနာမရှိပါဘူး။ ရာထူးက ထုတ်ခံရတဲ့ နောက်ရက်ကျရင် စက်ဘီးပတ်စီးနေမှာပါ"ဆို တဲ့စကားမျိုးဟာ တကယ်မိုက်ပါတယ်။
လူးဝစ်အင်းနရစ်မှာ စိတ်ကူးအမိုက်စား တစ်ခုရှိသေးတယ်။ ပွဲချိန်အတွင်းမှာ ကစားသမားတွေကိုမိုက်နဲ့ နည်းစနစ်တွေအော်ဟစ်ညွှန်ကြားခွင့်ရချင်တာပါ။ လူးဝစ်အင်းနရစ်က သူ့ရုံးခန်းထဲထိုင်ပြီး ဆရာကြီးမလုပ်ပါဘူး။နည်းပြအဖွဲ့ဝင်တွေ နဲ့ နီးနီးကပ်ကပ်နေပြီး ကစားသမားတွေကိုတိုက်ရိုက်ညွှန်ကြားတတ်သူပါ။
လူးဝစ်အင်းနရစ်က ဂျာနယ်လစ်တွေကိုလည်း အမြင်မကြည်ပါဘူး။ ဂျာနယ်လစ်တွေရဲ့ ထင်မြင်ယူဆချက်ကို တစ်ခါမှမဖတ်ဖူးလို့ ပြောတယ်။ ဂျာနယ်လစ်တွေက လေးစားမှုမရှိဘူး။ တကယ်လို့များ ဂျာနယ်လစ်တွေနဲ့သာ သတင်းစာရှင်းလင်းပွဲမလုပ်ရဘူးဆိုရင် လစာတစ်ဝက်ပဲယူမယ်လို့အရွဲ့တိုက်ပြောဖူးပါတယ်။ လူးဝစ်အင်းနရစ်က တစ်နေ့ ကြက်ဥ ၆ လုံးစားတယ်။ Cheese ကို မုန်းတီးတယ်။ ကိုယ်လုံးတီးအိပ်ရတာ သဘော ကျပါတယ်။ လူးဝစ်အင်းနရစ်အကြောင်း မှတ်တမ်းရုပ်ရှင်ထဲမှာ ရိုးသားပွင့်လင်းမှုကိုအတိုင်းသား မြင်နိုင်ပါတယ်။
လူးဝစ်အင်းနရစ်က ဘောလုံးဟာ ဘဝမဟုတ်၊ သေခြင်းတရားမဟုတ်၊ ကျရှုံးရင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ခံစားချက်သမားပါ။ PSG က ဘာပေမရှိမှပိုကောင်းလာတယ်လို့ ပွင့်လင်းစွာ ပြောခဲ့သူပါ။ နောက်ရာသီမှာ PSG ကိုသူ အလုံးစုံ ထိန်းချုပ်နိုင်ပြီဆိုပြီး ကြွေးကြော်ထားသူပါ။ တစ်ချိန်တည်းမှာပဲ PSG အသိုင်းအဝိုင်းရဲ့ချန်ပီယံလိဂ် အိပ်မက်ဟာ အရင်ကထက်အားကောင်းမောင်းသန်တည်ရှိနေတယ်။