
မန်စီးတီးနည်းပြ ဂွါဒီယိုလာက အိုးလ်ထရက်ဖို့ဒ်ကွင်း၌ နိုင်ပွဲရရှိရန် လိုလားခဲ့သော်လည်း တစ်မှတ်ရရှိခြင်းကိုလည်း ကျေနပ်လက်ခံသည်ဟု ပြောကြားခဲ့သည်။
''အနိုင်ရဖို့အတွက် ဒီထက်ပိုကောင်းဖို့ လိုပါတယ်။ အိုးလ်ထရက်ဖို့ဒ်က အိုးလ်ထရက်ဖို့ဒ်ပါပဲ။ စွမ်းဆောင်ရည်ကောင်း ပြနိုင်မှ အနိုင်ရနိုင်မှာပါ။ နောက်ဆုံး(၃)ပွဲမှာ ကျွန်တော်တို့ရဲ့ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရပေမဲ့ ဒီပွဲမှာ သူတို့ကို ထိုးနှက်ဖို့ ကျွန်တော်တို့ ရှိသင့်တဲ့နေရာမှာ ရှိမနေခဲ့ပါဘူး။ ဒါကြောင့် အခွင့်အရေးတချို့ ဆုံးရှုံးခဲ့ရပါတယ်။ အခုတော့ တစ်မှတ်ရယူပြီး ရှေ့ဆက်ရမှာပါ။ လက်ကျန်ပွဲတွေမှာ နိုင်ပွဲရအောင် ကြိုးစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရယူဖို့က ဒီအချိန်မှာ အသင်းရဲ့ အဓိကပစ်မှတ်ပါပဲ။ နောက်ရာသီရဲ့ ပစ်မှတ်ကတော့ နောက်ရာသီရောက်မှ သိရမှာပါ''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် မန်ချက်စတာဒါဘီတွင် တစ်မှတ်သာရယူနိုင်ခဲ့သည့်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် အဆင့်(၅)နေရာရပ်တည်နေသော်လည်း ယနေ့ညပွဲတွင် နယူးကာဆယ် အနိုင်ရခဲ့ပါက အဆင့်(၆)နေရာသို့ ဆင်းပေးရမည်ဖြစ်သည်။