
မန်ယူဂိုးသမား အိုနာနာရဲ့ ဇနီး မယ်လာနီကတော့ ကားပါကင်မှာ လုယက်သူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် တုန်လှုပ်ချောက်ချားသွားခဲ့ရပါတယ်။ ဒါကြောင့် နောက်နေ့ ကင်မရွန်းပြန်မယ့် အစီအစဉ်ကိုတောင် ဖျက်လိုက်ရပါတယ်။ မယ်လာနီက တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေ ကိုင်ဆောင်ထား၊ ဆင်မြန်းထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မကြာခဏတင်လေ့ရှိတာကြောင့် လုယက်သူတွေရဲ့ ပစ်မှတ်ဖြစ်သွားခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ မယ်လာနီက တန်ဖိုးကြီး လက်ကိုင်အိတ်တွေ ကိုင်ဆောင်ရတာကို သဘောကျသူတစ်ယောက်ဖြစ်ပြီး Hermes Birkin အိတ်က သူအနှစ်သက်ဆုံး အမှတ်တံဆိပ်တစ်ခုပါ။
မန်ယူဂိုးသမား အိုနာနာရဲ့ ဇနီး မယ်လာနီကတော့ ကားပါကင်မှာ လုယက်သူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် တုန်လှုပ်ချောက်ချားသွားခဲ့ရပါတယ်။ ဒါကြောင့် နောက်နေ့ ကင်မရွန်းပြန်မယ့် အစီအစဉ်ကိုတောင် ဖျက်လိုက်ရပါတယ်။ မယ်လာနီက တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေ ကိုင်ဆောင်ထား၊ ဆင်မြန်းထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မကြာခဏတင်လေ့ရှိတာကြောင့် လုယက်သူတွေရဲ့ ပစ်မှတ်ဖြစ်သွားခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ မယ်လာနီက တန်ဖိုးကြီး လက်ကိုင်အိတ်တွေ ကိုင်ဆောင်ရတာကို သဘောကျသူတစ်ယောက်ဖြစ်ပြီး Hermes Birkin အိတ်က သူအနှစ်သက်ဆုံး အမှတ်တံဆိပ်တစ်ခုပါ။ တန်ဖိုးအကြီးဆုံး Hermes Birkin အိတ်က ပေါင်(၁.၅)သန်းအထိရှိတယ်လို့လည်း Daily Mail က ဆိုပါတယ်။
အခု မယ်လာနီ လုယက်ခံလိုက်ရတဲ့ Hermes Birkin အိတ်က ပေါင်(၆၂၀၀၀) တန် ကြေးရှိပြီး Rolex နာရီတစ်လုံးလည်း ပါသွားခဲ့ပါတယ်။ ဖြစ်ခဲ့တာက မတ်(၂၉)မှာပါ။ မယ်လာနီက အီတလီစားသောက်ဆိုင်တစ်ခုကနေ ထွက်လာပြီး အိမ်ပြန်ဖို့ ကားပါကင်အသွားမှာ လုယက်ခံခဲ့ရတာဖြစ်ပြီး ဒီလိုအမှုမျိုး ကျူးလွန်လေ့ရှိတဲ့ အသက်(၂၅) နှစ်အရွယ် လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင်(၁၂၀၀၀၀)ဝန်းကျင် ရရှိနေတဲ့ ဂိုးသမား အိုနာနာရဲ့ ဇနီးဖြစ်တာကြောင့် ဒီပစ္စည်းတွေဆုံးရှုံးရမယ်ဆိုရင်လည်း မယ်လာနီအတွက် ပြဿနာမရှိနိုင်ပါဘူး။ မယ်လာနီကိုယ်တိုင်ကလည်း ဆေးပညာနဲ့ ပါရဂူဘွဲ့ရထားသူဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေသူပါ။ သူ တုန်လှုပ်သွားခဲ့ရတာက အန္တရာယ်ပေးနိုင်တဲ့ လူရမ်းကားတစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာကြောင့်ပါ။ အိုနာနာရဲ့ လက်စွမ်းကို သဘောမကျဖြစ်နေတဲ့ မန်ယူပရိသတ်တစ်ဦးကတော့ ဒီဖြစ်ရပ်ကြောင့် မယ်လာနီက အိုနာနာကို မန်ယူကထွက်ဖို့ တိုက်တွန်းလိမ့်မယ်လို့ လူမှုကွန်ရက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။