Eleven Media Group

အခုတော့ တေလာဝပ်ဒ် ပျော်နေပြီ

Photo : X

တေလာဝပ်ဒ်ဆိုတာက ဆော်ဒီကလပ် အယ်လ်အာလီအသင်းက အယ်လ်ဂျီးရီးယား တောင်ပံကစားသမား မာရက်ဇ်ရဲ့ ဇနီးသည်ပါ။ မာရက်ဇ်နဲ့အတူ ဆော်ဒီကို လိုက်ပါခဲ့ရတဲ့ အစောပိုင်းနေ့ရက်တွေတုန်းက မတူညီတဲ့ ယဉ်ကျေးမှုတွေ ကြား သဟဇာတဖြစ်ဖို့ ခက်ခဲကြောင်း ညည်းတွားခဲ့ဖူးသူပေါ့။ ဆော်ဒီကို မကြိုက်ဘူးလို့လည်း ခပ်ရှင်းရှင်း ဖွင့်ပြောခဲ့ဖူးပါသေးတယ်။ သူ မကြိုက်ချင်လောက်အောင် ခွဲခြားဆက်ဆံမှုတစ်ခုနဲ့လည်း ရင်ဆိုင်ခဲ့ရသေးတယ်လေ။ သမီးလေးနဲ့အတူ ဟိုတယ် ရေကူးကန်ထဲဆင်းဖို့ ဘယ်လိုအဝတ်အစားဝတ်ဖို့လိုသလဲလို့ မေးကြည့်တဲ့အခါ ဒါ အမျိုးသားရေကူးကန်၊ မိန်းကလေးတွေ ဆင်းလို့မရဘူးလို့ ငြင်းဆန်ခံခဲ့ရတာပါ။

တေလာဝပ်ဒ်က ချယ်ရှိုင်းယားမှာ မွေးဖွားတဲ့ အင်္ဂလန်သူ မော်ဒယ်တစ်ယောက်ပါ။ သူက မာရက်ဇ်နဲ့ မဆုံတွေ့ခင် ဗြိတိန်မော်ဒယ် ဆမ်ရီးစ်နဲ့ တွဲခဲ့ဖူးသလို၊ ဝက်စ်ဘရွန်းနောက်ခံလူ မေဆန်ဟိုးလ်ဂိတ်နဲ့လည်း တွဲခဲ့ဖူးပါတယ်။ မာရက်ဇ်ရဲ့ မန်စီးတီးအသင်းဖော်ဟောင်း အဂွဲရိုးနဲ့လည်း ခဏတာ တွဲခဲ့ဖူးတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ထားပါတော့။ မာရက်ဇ်အတွက်လည်း သူက ပထမဆုံးမှ မဟုတ်ခဲ့တာ။ မာရက်ဇ်က အယ်လ်ဂျီးရီးယားလက်ရွေးစင်ဖြစ်ပေမဲ့ ပြင်သစ်မှာ မွေးခဲ့သူဖြစ်သလို၊ ဥရောပမှာပဲ ကျင်လည်နေခဲ့သူပါ။ ၂၀၁၄ မှာ လက်စတာအသင်းကို ရောက်ရှိပြီး သိပ်မကြာခင်မှာပဲ အင်္ဂလန်သူ ရီတာဂျိုဟယ်လ်နဲ့ လက်ထပ်ခဲ့ပါတယ်။ သမီးလေးနှစ်ယောက် ပိုင်ဆိုင်ခဲ့ပြီးနောက် (၅)နှစ် အကြာမှာ လမ်းခွဲခဲ့ကြပါတယ်။ အဲဒီ ၂၀၂၀ ထဲမှာပဲ အချစ်မှာ ကံမကောင်းခဲ့သူနှစ်ယောက်ဖြစ်တဲ့ မာရက်ဇ်နဲ့ တေလာဝပ်ဒ်တို့ ဆုံတွေ့ခဲ့ကြပါတယ်။ ၂၀၂၁ မှာ မာရက်ဇ်က လက်ထပ်ခွင့်တောင်းခဲ့ပြီး ၂၀၂၂ ဇန်နဝါရီမှာ ဘာသာရေးထုံးတမ်းစဉ်လာနဲ့ အညီ လက်ထပ်ခဲ့ပါတယ်။ တေလာဝပ်ဒ်က ၂၀၂၂ နွေရာသီမှာ မာရက်ဇ်အတွက် မီလာလို့ အမည်ရတဲ့ သမီးလေး မွေးဖွားပေးခဲ့ပါတယ်။

၂၀၂၃ နွေရာသီမှာ မာရက်ဇ်က မန်စီးတီးနဲ့ လမ်းခွဲပြီး အယ်လ်အာလီအသင်းကို ပြောင်းရွှေ့ တော့ မတတ်သာလို့သာ လိုက်ပါခဲ့ရပေမဲ့ တေလာဝပ်ဒ် မပျော်ခဲ့ပါဘူး။ ဒါပေမဲ့ မာရက်ဇ်ဆီက ရရှိတဲ့ ချစ်ခြင်းတွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေနဲ့ လိုလေသေးမရှိတဲ့ ဘဝအခြေအနေက သူ့စိတ်ကို ပြောင်းလဲလာစေခဲ့ပါတယ်။ မာရက်ဇ်က အယ်လ်အာလီမှာ တစ်နှစ်ကို ဒေါ်လာသန်း(၆၀)နီးပါးရရှိပြီး လစာအများဆုံးအာဖရိကကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ဒီတော့ မာရက်ဇ်က တေလာဝပ်ဒ်နဲ့ မင်္ဂလာပွဲ (၃)ကြိမ်အထိ ထပ်လုပ်ခဲ့ပါတယ်။ အထင်ကရနေရာတွေမှာ နာမည်ကျော်ဧည့်သည်တွေကို ဖိတ်ကြားပြီး ကျင်းပခဲ့တာပါ။ ပြီးတော့ ဆော်ဒီမှာ နေထိုင်ရတဲ့အိမ်ကလည်း ခမ်းနားလွန်းပါတယ်။ ဒီတော့ တေလာဝပ်ဒ်က "ဆော်ဒီမှာက ပိုပြီးလုံခြုံမှု ရှိတယ်လို့ ခံစားရပါတယ်။ အခုဆို ညဘက် စိတ်ချလက်ချအိပ်နိုင်ပါပြီ။ ပြီးတော့ ဆော်ဒီက ကျွန်မတို့ ရဲ့အိမ်က အင်္ဂလန်ကအိမ်ထက် (၁၀)ဆလောက် ကြီးပါတယ်။ ကျွန်မ စိတ်ကြိုက်နေရာမှာသာ နေခွင့်ရမယ်ဆိုရင် ဆော်ဒီကိုပဲ ရွေးချယ်မှာပါ။ အင်္ဂလန်မှာက ဖောက်ထွင်းသမားတွေနဲ့ ဆိုးရွားတဲ့အရာတွေ လည်း အများကြီးပါ။ အထူးသဖြင့် ချယ်ရှိုင်းယားမှာပါ။ အဲဒါက ကြီးမားတဲ့ ပြဿနာပါ။ ပြီးတော့ ဒီမှာ ပစ်မှတ်မဖြစ်အောင် တန်ဖိုးကြီးတဲ့အရာတွေကိုလည်း အိမ်မှာ မထားပါဘူး"လို့ ဆိုခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group