
လီဗာပူးလ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ဖူလ်ဟမ်အသင်းကို (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ၎င်းတို့၏ ပရီးမီးယားလိဂ်ရှုံးပွဲမရှိစံချိန်မှာ (၂၆)ပွဲတွင် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် စက်တင်ဘာလက နော်တင်ဟမ်ဖောရက်စ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်(၂၆)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ဖူလ်ဟမ်နှင့်ပွဲတွင်မှ ရှုံံးပွဲတွေ့ခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်တွင် ရှုံးပွဲ(၂)ပွဲသာရှိခဲ့ပြီး ဒုတိယနရာမှ အာဆင်နယ်အသင်းကို (၁၁)မှတ်ဖြတ်ထားနိုင်ဆဲဖြစ်သည်။
လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ပထမပိုင်းတွင် အမှားများခဲ့ခြင်းကြောင့် ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့ခြင်းဟု သုံးသပ်ခဲ့သည်။
မန်ယူအသင်း၏ ကစားသမားဟောင်း ပေါလ်စခိုးလ်က လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ဖြတ်ဦးဆောင်နေနိုင်သည့်အတွက် စိတ်ကြီးဝင်နေသည့်ပုံစံမျိုးကို ဖူလ်ဟမ်နှင့်ပွဲတွင် မြင်တွေ့ခဲ့ရသည်ဟု ဝေဖန်ပြောကြားခဲ့သည်။