
ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဖရန့်ဖတ်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပေမဲ့ မာမွတ်ရှ်ဟာ အချိန်တိုအတွင်းမှာပဲ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ အသင်းအဓိကတိုက်စစ်မှူး ဟာလန်း ဒဏ်ရာရနေချိန်မှာ မာမွတ်ရှ်အနေနဲ့ အခုထက်ပိုပြီး ဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်နေတာပါ။ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မာမွတ်ရှ်က မန်စီးတီးကစားသမားဘဝအကြောင်း၊ အသင်းနဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေအကြောင်း၊ လီဗာပူးလ်အသင်းက အီဂျစ်အသင်းဖော် ဆာလာအကြောင်းတွေကို အခုလိုပဲ ပြောပြထားတာပါ . . .
- မန်စီးတီးတိုက်စစ်ကစားသမား မာမွတ်ရှ်နှင့် တွေ့ဆုံခြင်း
ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဖရန့်ဖတ်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပေမဲ့ မာမွတ်ရှ်ဟာ အချိန်တိုအတွင်းမှာပဲ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ အသင်းအဓိကတိုက်စစ်မှူး ဟာလန်း ဒဏ်ရာရနေချိန်မှာ မာမွတ်ရှ်အနေနဲ့ အခုထက်ပိုပြီး ဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်နေတာပါ။ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မာမွတ်ရှ်က မန်စီးတီးကစားသမားဘဝအကြောင်း၊ အသင်းနဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေအကြောင်း၊ လီဗာပူးလ်အသင်းက အီဂျစ်အသင်းဖော် ဆာလာအကြောင်းတွေကို အခုလိုပဲ ပြောပြထားတာပါ . . .
မေး - ခင်ဗျား မန်စီးတီးကို ရောက်လာတာ (၃)လ ရှိပြီဆိုတော့ အသင်းမှာ အသားကျနေပြီလား။
ဖြေ - ဟုတ်ကဲ့။ ဒီမှာ ရှိနေရတာ အရမ်းကောင်းပါတယ်။ မြို့ကလည်း အရမ်းကောင်းတယ်။ ကလပ်အသင်းက အရမ်းကိုကြီးကျယ်ခမ်းနားပါတယ်။ အသင်းမှာ ရှိတဲ့ လူတွေနဲ့ ဝန်ထမ်းတွေကလည်း မိသားစုကြီးတစ်ခုလိုပါပဲ။ ဒီကို စရောက်လာတဲ့နေ့ ကစပြီး ကျွန်တော့်ကို ကြိုဆိုကြပြီး သူတို့ရဲ့မိသားစုဝင်တစ်ဦးလို ဆက်ဆံကြတယ်။ ကျွန်တော့်အတွက် အခက်အခဲမရှိအောင် ကူညီပေးကြတယ်။ ဒီမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ပတ်ဂွါဒီယိုလာ၊ အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့အတူ အလုပ် တွဲလုပ်ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။
မေး - ဂျာမနီမှာ နေရတာနဲ့ အင်္ဂလန်မှာ နေရတာ ဘယ်လိုကွာခြားလဲ။
ဖြေ - ရာသီဥတုကတော့ တူတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီမှာ မိုးအရမ်းရွာတာကို ကျွန်တော် မကြုံဖူးသေးပါဘူး။ အခုတလောက နေသာတယ်လေ။ ဒါပေမဲ့ လူတိုင်းက ဒီမှာ မိုးများတယ်လို့ ပြောကြတယ်။ ပြီးတော့ ကျွန်တော့်အတွက် အရေးကြီးတဲ့အရာက ဘာသာစကားပါ။ အင်္ဂလိပ်က ကျွန်တော့်ရဲ့ ဒုတိယဘာသာစကားလေ။ ဂျာမနီမှာတုန်းက ဂျာမန်ဘာသာစကားကို ကျွန်တော် သင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဒီမှာ လူတွေနဲ့ အင်္ဂလိပ်လို ပြောဆိုဆက်ဆံရတာ ပိုလွယ်ကူပါတယ်။ ဒီတော့ ဒီမှာ နေရာတာ အရမ်းကောင်းတာပေါ့။
မေး - ဘွန်ဒစ်လီဂါနဲ့ ပရီးမီးယားလိဂ်က ဘာတွေကွာခြားလဲ။ လူတွေက ပရီးမီးယားလိဂ်က အရမ်း မြန်တယ်လို့ ပြောကြတယ်။ ခင်ဗျားကရော ဘယ်လိုထင်လဲ။
ဖြေ - ကျွန်တော်ကတော့ Intensity ကွာတယ်လို့ ပြောချင်ပါတယ်။ ဒီမှာက Intensity အရမ်း မြင့်ပြီး အရည်အသွေးမြင့်ကစားသမားတွေလည်း အများကြီးပါပဲ။ ပရီးမီးယားလိဂ်ကို ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးလိဂ်လို့ ပြောကြတာ ဒါကြောင့်ပါပဲ။ ပြီးတော့ ဒီမှာ အသင်းတိုင်းက အရမ်းကောင်းပြီး အသင်းတိုင်းက တစ်သင်းကို တစ်သင်း အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ဘွန်ဒစ်လီဂါနဲ့ ပရီးမီးယားလိဂ်တို့ ရဲ့ အဓိကကွာခြားချက်ကတော့ Intensity လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။
မေး - ခင်ဗျားက မန်စီးတီးကို ကြီးကျယ်ခမ်းနားတဲ့ အသင်းလို့ ပြောခဲ့တယ်နော်။ ဒီတော့ ဒီမှာ ကစားရတာ ဖိအားများမှာပေါ့။ နယူးကာဆယ်ကို ဟက်ထရစ်သွင်းပြီးနောက် ဖိအားတွေ လျော့သွားမှာပေါ့။
ဖြေ - ဟုတ်ပါတယ်။ သေချာပါတယ်။ အခုလိုကြီး ကျယ်ခမ်းနားတဲ့အသင်းမှာ ကစားခွင့်ရဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပါ။ ဒီမှာ ကစားရတာ ဖိအားရှိပေမဲ့ ထိပ်တန်းကစားသမားတွေ ရှိနေတာကြောင့် ကျွန်တော့်အတွက် လွယ်ကူပါတယ်။ နည်းပြ ပတ်ဂွါဒီယိုလာကလည်း ကျွန်တော်တို့ကို အများကြီး ကူညီပါတယ်။ ပြီးတော့ အသင်းဖော်တွေကလည်း ကျွန်တော့်ဖိအားတွေကင်းအောင် ကူညီပေးကြတယ်။ ကွင်းထဲမှာ ခြေစွမ်းပြနိုင်အောင် ကူညီပေးကြတယ်။ ကျွန်တော့်အနေနဲ့ ဟက်ထရစ်(၃ ဂိုး) သွင်းနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ကျွန်တော် သွင်းခဲ့တဲ့ဂိုးတွေက အသင်းနိုင်ပွဲရအောင် အကူအညီဖြစ်ခဲ့လို့ ဝမ်းသာပါတယ်။ အနာဂတ် မှာလည်း ကျွန်တော့်အနေနဲ့ ဂိုးတွေ ယခုထက်ပိုပြီး အများကြီး သွင်းယူနိုင်ဖို့ မျှော်လင့်ပါတယ်။
မေး - နယူးကာဆယ်ကို ဟက်ထရစ်သွင်းခဲ့တဲ့ပွဲတုန်းက ခင်ဗျား ဘယ်တောင်ပံမှာ ကစားခဲ့တယ်။ တခြားပွဲတွေကျတော့ ခင်ဗျားကို အထောင်တိုက်စစ်မှူးအဖြစ်လည်း တွေ့ရတယ်။ ကွင်းလယ်မှာလည်း တွေ့ရတယ်။ ခင်ဗျားအကြိုက်ဆုံးနေရာက ဘယ်နေရာ ဖြစ်မလဲ။
ဖြေ - ဟုတ်ပါတယ်။ ကျွန်တော့်အနေနဲ့ နေရာစုံမှာ နည်းနည်းစီ ကစားနေတာပါ။ ကျွန်တော့်အနေ နဲ့ ဘယ်နေရာမှာပဲ ကစားရကစားရ သက်သောင့်သက်သာ ရှိပါတယ်။ ကွင်းထဲမှာ ကစားခွင့်ရပြီး နည်းပြ ညွှန်ကြားတဲ့အတိုင်း ကစားရတာကို ကျွန်တော် ကျေနပ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းမှာတော့ ကျွန်တော် ဘယ်တောင်ပံမှာ ကစားပါတယ်။ ဒီမှာတော့ ကျွန်တော့်အနေနဲ့ နံပါတ် (၉) နေရာမှာလည်း ကစားတယ်။ နံပါတ် (၁၀) နေရာမှာလည်း ကစားတယ်။ တောင်ပံတိုက်စစ်နေရာတွေမှာလည်း ကစားပါတယ်။ ကျွန်တော့်အနေနဲ့ နည်းပြ ညွှန်ကြားတဲ့အတိုင်း ကစားနေပြီး ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုထိတော့ ကျွန်တော့်အတွက် အဆင်ပြေတယ်လို့ ထင်ပါတယ်။
မေး - မန်စီးတီးမှာ ပွဲကစားခွင့်ရဖို့ တိုက်ပွဲဝင်ရမှာ သေချာပါတယ်။ ဒါပေမဲ့ ခင်ဗျားက ဒီက လူတွေ အရမ်းကောင်းတယ်လို့ ပြောခဲ့တယ်နော်။ တချို့ ကစားသမားတွေကတော့ အဲဒီလိုမြင်ကြမှာ မဟုတ်ဘူး။ ခင်ဗျားက ဘယ်လိုအဲဒီလိုမြင်တာလဲ။
ဖြေ - ကျွန်တော်က အခုလိုကြီးကျယ်ခမ်းနားတဲ့ အသင်းကြီးမှာ ကစားဖို့ အမြဲတမ်းအိပ်မက်မက်နေတာလေ။ အဲဒီအတွက် ကျွန်တော် အမြဲတမ်းလေ့ကျင့်ခဲ့ပြီး အဲဒီရည်မှန်းချက်အတွက်ပဲ ကြိုးစားခဲ့တာပါ။ အခု ဒီကို ရောက်လာတာက ကျွန်တော့်ရဲ့ စွမ်းရည်တွေကို ပြသဖို့ပါ။ ဟုတ်ပါတယ်။ ဒီမှာ ပွဲကစားခွင့်အတွက် ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်ပါတယ်။ အထူးသဖြင့် ဒီလိုထိပ်တန်းအသင်းကြီးမှာ ထိပ်တန်းကစားသမားတွေကြားက ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်ပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ဆိုင်မှုက ကစားသမားတွေကို ပိုကောင်းအောင် လုပ်ပေးနေတာပါ။ တောင်းဆိုမှုတွေက အရမ်းများပြီး ကစားသမားတစ်ယောက်အနေနဲ့ နေ့စဉ်နေ့တိုင်း အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ထိပ်တန်းကစားသမားတွေဆီက သင်ယူဖို့ ကြိုးစားနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ အိပ်မက်ဖြစ်ပြီး အခုလိုနေရာရဖို့ ကျွန်တော် အရမ်းကိုကြိုးစားခဲ့ရတာပါ။ ဒီတော့ ကျွန်တော့်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆက်ကြိုးစားနေပါတယ်။
မေး - အခု ဟာလန်း ဒဏ်ရာရနေတာဆိုတော့ ဂိုးတွေရဖို့အတွက် ခင်ဗျားမှာ ဖိအားပိုလာမှာပေါ့။
ဖြေ - ဟုတ်ပါတယ်။ တိုက်စစ်ကစားသမားတွေအတွက် အမြဲတမ်းဖိအား ရှိပါတယ်။ တိုက်စစ်ကစားသမားတွေက ဂိုးတွေသွင်းဖို့အတွက်ပဲ ကစားနေကြတာလေ။ ကလပ်အသင်းတွေကလည်း တိုက်စစ်ကစားသမားတွေကို ဂိုးတွေ လိုချင်လို့ ဝယ်ကြတာပါ။ ဒါက ကျွန်တော်တို့ အလုပ်ပါ။ ဟာလန်း ဒဏ်ရာရသွားတာက ကျွန်တော့်အတွက် ကြီးမားတဲ့ ခြားနားချက်ကို ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ဟာလန်းက အရည်အသွေးမြင့်တဲ့ ကစားသမားဖြစ်ပြီး ပွဲအဖြေကို ပြောင်းလဲနိုင်သူပါ။ ကျွန်တော်တို့အနေနဲ့ ကွင်းထဲမှာ အသင်းလိုက်ကစားဖို့လိုပြီး တစ်ဦးကို တစ်ဦး ကူညီဖို့လိုပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အသင်း အနိုင်ရဖို့ပါပဲ။ ကျွန်တော်ပဲ ဂိုးသွင်းသွင်း၊ တခြားအသင်းဖော်တွေပဲ ဂိုးသွင်းသွင်း အရေးကြီးတာက အနိုင် (၃)မှတ် ရဖို့ပါပဲ။ အရေးကြီးတာက အနိုင်ရဖို့ပါပဲ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဟာလန်းရဲ့ဟာကွက်ကို အသင်းလိုက် ဖြည့်ဆည်းဖို့ လိုပါတယ်။
မေး - ဒီမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးလို့ဆိုနိုင်တဲ့ ဆာလာ ရှိနေတယ်။ အီဂျစ်က ဆာလာကို ဘုရင်ကြီးလို့ ခေါ် ကြပြီး ခင်ဗျားကိုတော့ မင်းသားလို့ ခေါ် ကြတယ်။ ဆာလာ ဒီမှာ ရှိနေတာ ခင်ဗျားကို ဖိအားများစေလား။
ဖြေ - ဒီလိဂ်မှာ အကောင်းဆုံးကစားသမား (၂)ယောက် ရှိနေတာက ကျွန်တော်တို့နိုင်ငံအတွက် အရမ်းကောင်းပါတယ်။ ဆာလာရဲ့ လက်ရှိခြေစွမ်းက မယုံနိုင်စရာပါပဲ။ ဒါပေမဲ့ ဆာလာက ပရော်ဖက်ရှင်နယ်အရမ်းပီသပြီး သူ့အလုပ်ပေါ် အရမ်း အာရုံစိုက်လုပ်လေ့ရှိတာကြောင့် ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အရင်က ပြောသလိုပါပဲ။ လူတိုင်းမှာ ကိုယ်တိုင်ပုံပြင်လေးတွေ ရှိပါတယ်။ ဆာလာက အောင်မြင်မှုတွေ အ များကြီး ရရှိထားသူပါ။ ကျွန်တော်တို့အတွက် ဆာ လာက Role Model ပါ။ ဘာလို့လဲဆိုတော့ သူ့ ရဲ့ အောင်မြင်မှုတွေကြောင့်ပါ။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်တိုင်ပုံပြင်တွေ ရှိကြပါတယ်။ ကျွန်တော့်အ နေနဲ့ ဒီမှာ ကျွန်တော့်ရဲ့ပုံပြင်ကို ကိုယ်တိုင်ဖန်တီးသွားမှာပါ။ တစ်နေ့ ကျွန်တော်တို့ မြင်ရဖို့ မျှော်လင့်ပါတယ်။
မေး - မန်စီးတီးအတွက် ခင်ဗျားရဲ့ ရည်မှန်းချက်က ဘာဖြစ်မလဲ။
ဖြေ - ဒီရာသီမကုန်ခင်အထိတော့ ကျွန်တော်တို့ ရဲ့ ရည်မှန်းချက်က ရှင်းပါတယ်။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့နဲ့ FA ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ကြိုးစားဖို့ပါပဲ။ ဒါမှ ကျွန်တော်တို့အနေနဲ့ ဒီရာသီကို အကောင်းဆုံးပိတ်သိမ်းနိုင်မှာပါ။ ဒီအသင်းဟာ ပြီးခဲ့တဲ့ (၅) နှစ်က ဖလားတွေ အကုန်ယူခဲ့တဲ့အသင်းဖြစ်ပြီး အနာဂတ်မှာလည်း အဲဒီလိုပဲ ဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ စွမ်းရည်ကို အကောင်းဆုံးပြသနိုင်ဖို့နဲ့ အသင်းကို ပွဲတွေအနိုင်ရအောင် ကူညီဖို့ပါပဲ။