
PSG နည်းပြ အန်နရီကေးက လီဂူး-၁ ချန်ပီယံ ဖြစ်ပြီးသော်လည်း ရှုံးပွဲမရှိစံချိန်ကို ရယူနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
PSG အသင်းသည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားသည့် လီဂူး-၁ ပွဲစဉ် (၂၈) တွင် အန်ဂါစ်အသင်းကို အနိုင်ရပြီးနောက် ရာသီကုန်ဆုံးရန် (၆) ပွဲအလိုမှာပင် ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။
PSG အသင်းအနေဖြင့် လီဂူး-၁ ချန်ပီယံဆုကို စံချိန်တင် (၁၃) ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
PSG အသင်းအနေဖြင့် ယခုရာသီ လီဂူးပြိုင်ပွဲတွင် ရှုံးပွဲမရှိသေးရာ အသင်းနည်းပြ အန်နရီကေးက ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်ဖြင့် ရယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
PSG အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် ရောက်ရှိနေသည့်အပြင် ပြင်သစ်ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲ တက်ရောက်ထားသောကြောင့် ယခုရာသီတွင် ဖလားသုံးလုံးအောင်ပွဲကို မျှော်လင့်နိုင်စွမ်းရှိနေကြောင်း သိရသည်။