
ဧပြီ ၆ ရက်က ယှဉ်ပြိုင်ကစားသည့် ဆီဗီလာ-အက်သလက်တီကို လာလီဂါပွဲစဉ်တွင် ပရိသတ်များ၏ ဆန္ဒပြမှုကြောင့် ဒုတိယပိုင်း၌ ပွဲကို ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။
အိမ်ရှင်ဆီဗီလာအသင်း ပရိသတ်များသည် ဥက္ကဋ္ဌဖြစ်သူ ဒဲလ်နီဒိုကာရက်စ်ကိုနှင့် ဘုတ်အဖွဲ့အပေါ် ကျေနပ်မှုမရှိသဖြင့် ပွဲမတိုင်မီ ကွင်းအပြင်ဘက်၌ စုဝေး၍ ဆန္ဒပြခဲ့ကြသည်။
ထို့ပြင် မြောက်ဘက်ပွဲကြည့်စင်ရှိ ပရိသတ်များက ဒဲလ်နီဒိုကာရက်စ်ကို ရာထူးမှ နုတ်ထွက်ရန် ရေးသားထားသည့် စာတန်းများနှင့် အဝါရောင်ကတ်ပြားများကို ကိုင်ဆောင်ဆန္ဒပြခဲ့ပြီး ဒုတိယပိုင်းကစားနေစဉ် အဆိုပါ ကတ်ပြားများကို ကွင်းအတွင်း ပစ်ချခဲ့သည်။
ထို့ကြောင့် ဒိုင်လူကြီး ဂရာဒိုက ပွဲအား မိနစ်အနည်းငယ်ကြာ ရပ်ဆိုင်းစေခဲ့ပြီး ကွင်းဝန်ထမ်းများက ရှင်းလင်းမှုပြုလုပ်ပြီးမှသာ ပြန်လည်စတင်နိုင်ခဲ့သည်။