
■ PSG နှင့် အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
PSG က ပြီးခဲ့တဲ့ အဆင့်မှာ လီဗာပူးလ်ကို ကျော်ဖြတ်ခဲ့တဲ့အသင်းဖြစ်ပြီး ကစားပုံက တော်တော်လေး အားကောင်းခဲ့တာကိုတွေ့ရတယ်။ ဒီရာသီမှာပဲ အိမ်ကွင်းမှာ မန်စီးတီးကိုလည်း အနိုင်ယူခဲ့တယ်။ ဒါပေမယ့် ဗီလာက လီဗာပူးလ်၊ မန်စီးတီးတို့လောက် မကောင်းဘူးဆိုရင်တောင် PSG အတွက် စိုးရိမ်စရာအသင်းပါ။ အမ်မရီရဲ့အတွေ့အကြုံ၊ တန်ပြန်တိုက်စစ်ကို ကစားတတ်တဲ့အသင်းတစ်သင်းအနေနဲ့ PSG ကွင်းမှာ သရေမရရင်တောင် ဂိုးပြတ်မရှုံးအောင်ကစားလိမ့်မယ်။
■ ဘာစီလိုနာ နှင့် ဒေါ့မွန် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
ဒေါ့မွန်က အကောင်းဆုံးခြေစွမ်းမျိုး မဟုတ်ပေမယ့် ဒီအဆင့်အထိ တဖြည်းဖြည်း တက်လှမ်းလာတယ်။ တိုးတက်မှုကို ပြလာတယ်။ မနှစ်က ဗိုလ်လုပွဲအထိတက်ခဲ့တဲ့ ခရီးကိုကြည့်ရင်လည်း ဒီပုံစံပဲ ဆိုတာ တွေ့ရတယ်။ ဘာစီလိုနာက အဖက်ဖက်က ပိုကောင်းတဲ့အသင်းဖြစ်နေတာ မှန်ပေမယ့် ဒေါ့မွန်ရဲ့ မာကျောမှုကို လျှော့မတွက်သင့်ဘူး။ ကစားရမှာက အိမ်ကွင်းဖြစ်နေတာနဲ့ ပွဲအဖြေပြောင်းနိုင်တဲ့ ကစားသမားတွေအများကြီးပါတဲ့အချက်ကြောင့် နိုင်ပွဲတော့ ယူနိုင်ပါလိမ့်မယ်။