
လီဂီယာဝါဆော နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)
လီဂီယာဝါဆောအသင်း ၁၉၉၀-၉၁ ရာသီက Cup Winners' Cup ပြိုင်ပွဲနောက်ပိုင်း ဥရောပပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်လာခဲ့တာပါ။ လီဂီယာဝါဆောအသင်းက ဒီရာသီ ကွန်းဖရန့်လိဂ်အိမ်ကွင်း (၇) ပွဲမှာ (၁)ပွဲသာ အရေးနိမ့်ခဲ့ပြီး ဘက်တစ်ကိုတောင် အနိုင်ကစားထားနိုင်ခဲ့တယ်။ ချယ်လ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်ဘက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေရေးရှင်ရေးဖြစ်နေလို့ အာရုံများနေနိုင်တယ်။ ဒါပေမဲ့ ဒီရာသီရဲ့တစ်ခုတည်းသော ဖလားအိပ်မက်ဖြစ်နေလို့ ဖိဖိစီးစီးကစားပါလိမ့်မယ်။ ချယ်လ်ဆီး အနိုင်သေချာပါတယ်။
ဘက်တစ် နှင့် ယာဂယ်လိုနီယာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဘက်တစ်အသင်းက ရာသီအဆုံးသတ်နား ရောက်လာလေလေ စွမ်းဆောင်ရည်က ပိုမြင့်တက်လာခဲ့တယ်။ ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အနိုင်ရထားမှု နောက်ဆုံးပွဲမှာ ရပ်တန့်ခဲ့ရပေမဲ့ နောက်ဆုံးပွဲမှာ ဘာစီလိုနာအသင်းကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့တာ ချီးကျူးရမယ်။ အစ္စကို၊ အန်တိုနီ၊ ကာမယ်လိုဟာနန်ဒက်ဇ်တို့ တိုက်စစ်ပိုင်းက အတော်လေး အားကိုးနေရပြီး ဆယ်လ်ဆို၊ ဘာကမ်ဘူ၊ ဒီယေဂိုလော်ရန်တေး၊ ကာဗယ်လ်ညိုတို့တောင် အရန်ခုံထိုင်နေရတယ်။ ယာဂယ်လိုနီယာက ပိုလန်လိဂ်မှာ ထိပ်သီးအသင်းဖြစ်လာတာ မကြာသေးပါဘူး။ ဘက်တစ်ကိုပဲ ရွေးချယ်ချင်တယ်။
ဆယ်ရယ် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဂျူဗင်တပ်စ်၊ အတ္တလန်တာအသင်းတွေကို အနိုင်ကစားပြီး အေစီမီလန်ကိုလည်း နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ သရေကျခဲ့တဲ့ ဖီအိုရင်တီးနားအသင်းက လတ်တလောမှာ Rhythm မှန်နေတယ်။ ဆလိုဗေးနီးယားကလပ် ဆယ်ရယ်အနေနဲ့ အိမ် ကွင်းဖြစ်တာကလွဲရင် ဖီအိုရင်တီးနားအသင်းနဲ့ အဆင့်အတန်းချင်း အတော်ကွာပါတယ်။ ဖီအိုရင်တီးနားအသင်းဘက်ကပဲ ရပ်တည်တာ ပိုကောင်းမယ်။
ယာဂါးဒန်း နှင့် ရက်ပစ်ဝီအန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဒီနှစ်သင်းအကြား ခြေစွမ်းပိုင်းက သိပ်မကွာပါဘူး။ ဥရောပအတွေ့အကြုံပိုင်းမှာ ရက်ပစ်ဝီအန်က ပိုသာပြီး ဆွီဒင်မြေမှာ သမိုင်းတစ်လျှောက် နှစ်ပွဲကစားခဲ့ရာမှာ နှစ်ပွဲစလုံး အနိုင်ရထားခဲ့တယ်။ ယာဂါးဒန်းကတော့ အခုရာသီ ကွန်းဖရန့်လိဂ် အိမ်ကွင်း(၇)ပွဲမှာ တစ်ပွဲသာ အရေးနိမ့်ပြီး ကျန်(၆)ပွဲစလုံး အနိုင်ကစားထားခဲ့တယ်။ အိမ်ရှင် ယာဂါးဒန်း အနိုင်နဲ့ သရေပါပဲ။