
ချန်ပီယံလိဂ်ဘုရင် ရီးယဲလ်ဆိုပြီး ကျော်ကြားနေလို့ သတိထားလိုက်ရတာ၊ တကယ်တမ်းကျတော့လည်း ဘာမှမဟုတ်ပါလား။ အာဆင်နယ်ကို တစ်ဂိုးမှမသွင်းနိုင်ဘဲဂိုးပြတ်အညံ့ခံလိုက်ရတယ်။ ချန်ပီယံလိဂ်ဘုရင်ကို ပြတ်ပြတ်သားသားအနိုင်ယူပြီး အာဆင်နယ်က လက်ရှိရာသီ ချန်ပီယံလိဂ်ပိုင်ရှင်အသစ်အဖြစ် ပွဲခံဖို့ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ပြီ။ အာဆင်နယ်က သူ့တို့ကို အထင်သေးသူအားလုံးရဲ့ သံသယမျက်ဝန်းတွေကို စုံလုံးကန်းစေခဲ့ပြီ။
ချန်ပီယံလိဂ်ဘုရင် ရီးယဲလ်ဆိုပြီး ကျော်ကြားနေလို့ သတိထားလိုက်ရတာ၊ တကယ်တမ်းကျတော့လည်း ဘာမှမဟုတ်ပါလား။ အာဆင်နယ်ကို တစ်ဂိုးမှမသွင်းနိုင်ဘဲဂိုးပြတ်အညံ့ခံလိုက်ရတယ်။ ချန်ပီယံလိဂ်ဘုရင်ကို ပြတ်ပြတ်သားသားအနိုင်ယူပြီး အာဆင်နယ်က လက်ရှိရာသီ ချန်ပီယံလိဂ်ပိုင်ရှင်အသစ်အဖြစ် ပွဲခံဖို့ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ပြီ။ အာဆင်နယ်က သူ့တို့ကို အထင်သေးသူအားလုံးရဲ့ သံသယမျက်ဝန်းတွေကို စုံလုံးကန်းစေခဲ့ပြီ။
ဒက်ကလန်ရိုက်စ်ရဲ့ဖရီးကစ်သွင်းဂိုးတွေကလှလိုက်တာ၊ လှတယ်ဆိုတာထက် မှော်ဆန်တယ်လို့ပြောရမယ်။ ချန်ပီယံလိဂ်လိုအသင်းတိုင်း ကစားခွင့်မရတဲ့ ဂန္ထဝင်ပြိုင်ပွဲကြီးမှာ ဒက်ကလန်ရိုက်စ်က မှော်ဆန်တဲ့ဖရီးကစ်နှစ်ဂိုးသွင်းပြီး အာဆင်နယ်ရဲ့ အောင်ပွဲကို ချိုမြိန်စေတယ်။ ဒက်ကလန်ရိုက်စ်ရဲ့ ဖရီးကစ်ဂိုးတွေကိုကြည့်ပြီး ဖရီးကစ်ကဝေလို့ ထင်ရှားခဲ့သူ ရောဘတ်တိုကားလို့စ် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ်။ အာဆင်နယ်အသင်းဖော်တွေလည်း လက်ဖျားခါခဲ့ရတယ်။ တကယ်ဆိုရင် ဒက်ကလန်ရိုက်စ်က ဖရီးကစ်သွင်းဂိုးတွေနဲ့ ယဉ်ပါးသူမဟုတ်ဘူး။ အာဆင်နယ်ရဲ့ပုံမှန် Free Kick Taker မဟုတ်ဘူး။ ဒါပေမဲ့ ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒက်ကလန်ရိုက်စ်ရဲ့ပုန်းကွယ်နေတဲ့ ပါရမီတစ်ခုမြင်လိုက်ရတယ်။
ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၃၃၈ ပွဲကစားပြီးတဲ့အထိ ဒက်ကလန်ရိုက်စ်က ဖရီးကစ် သွင်းဂိုးမရခဲ့ဘူး။ ဖရီးကစ်ကန်ခွင့်ကလည်း ၁၂ ကြိမ်ပဲရှိခဲ့တယ်။ အခု ပရော်ဖက်ရှင်နယ်ကစား သမားဘ၀ ၃၃၉ ပွဲမြောက်မှာ ဒက်ကလန်ရိုက်စ်က ဖရီးကစ်သွင်းဂိုးနှစ်ဂိုး သွင်းပြလိုက်တာပါပဲ။ ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်းဖရီးကစ်ကနေ နှစ်ဂိုးသွင်းနိုင်သူများများစားစား မရှိဘူး။ အခု ဒက်ကလန်ရိုက်စ်နဲ့မှ ငါးဦးပဲရှိခဲ့ပါတယ်။ ဒက်ကလန်ရိုက်စ်မတင်ခင် ချန်ပီယံလိဂ်မှာတစ်ပွဲတည်း ဖရီးကစ်နှစ် ဂိုးသွင်းနိုင်ခဲ့သူက ရီဗာလ်ဒို (၂၀၀၀ ခုနှစ်)၊ စီရော်နယ်လ်ဒို (၂၀၀၉ ခုနှစ်)၊ နေမာ (၂၀၁၈ ခုနှစ်)၊ ဇီယာ့ရှ် (၂၀၂၃ ခုနှစ်)တို့ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကစားသမားတွေအားလုံးက အုပ်စုအဆင့်မှာ သွင်းခဲ့တာဖြစ်ပြီးပြိုင်ဘက်တွေကလည်း ရီးယဲလ်လို အဆင့်အတန်းမဟုတ်ပါဘူး။ ဒီတော့ ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ သွင်းနိုင်ခဲ့တဲ့ ဒက်ကလန်ရိုက်စ်ရဲ့ဂိုးတွေက ပိုပြီး တန်ဖိုးရှိပါတယ်။
အာဆင်နယ်က လက်ရှိရာသီမှာ တည်ကန်ဘောတွေကနေ ဂိုးတွေအများကြီးပိုင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ ဖရီးကစ်သွင်းဂိုးတွေ မရတာကြာပါပြီ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထဲမှာ အာဆင်နယ်က ဖရီးကစ်သွင်းဂိုး နောက်ဆုံးအကြိမ်ရခဲ့တာပါ။ ခေတ်သစ်ဘောလုံးလောကမှာ မှော်ဆန်တဲ့ဖရီးကစ်ဂိုးတွေ ရှားပါးလာတယ်။ ဖရီးကစ်သွင်းဂိုးတွေဟာ ဘောလုံးလောကရဲ့အလှတရားဖြစ်ပြီး ဒက်ကလန်ရိုက်စ်က အဲဒီအလှတရားကို အကောင်းဆုံးသရုပ်ဖော်ခဲ့တယ်။ အာဆင်နယ်ရဲ့ပုံမှန် Free Kick Taker တွေက အော်ဒီဂွါနဲ့ ဆာကာပါ။ ဒါပေမဲ့ ရီးယဲလ်နဲ့ပွဲမှာ ဒက်ကလန်ရိုက်စ်က ဖရီးကစ်ကန်ဖို့ရာ ယုံကြည်စိတ်ရဲနေခဲ့တယ်။ ဒီလိုနဲ့ပဲ ဒက်က လန်ရိုက်စ်ဆီကနေ မှော်ဆန်တဲ့ ဖရီးကစ် သွင်းဂိုးတွေ ခံစားခွင့်ရတာပါပဲ။ ဒက်ကလန်ရိုက်စ် ဖရီးကစ်ကန်ချိန်မှာ ကွင်းဘေးကနေ အမူအရာနဲ့ ညွှန်ကြားနေတဲ့ အာဆင်နယ်တည်ကန်ဘော နည်းပြ နီကိုလက်စ်ဂျိုဗာကိုလည်း အသိအမှတ်ပြုရမယ်။ သူ့ကြောင့်သာ အာဆင်နယ်ရဲ့တည်ကန်ဘောတွေ စွမ်းအင်ထက်မြက်နေတာပါ။ ဒက်ကလန်ရိုက်စ်က "ပထမဆုံးဖရီးကစ်သွင်းဂိုးကို ရီးယဲလ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ပိုင်ဆိုင်ခွင့်ရလို့ ကြည်နူးမိပါတယ်။ ရီးယဲလ်လိုအသင်းမျိုးကို အခုလို ဂိုးပြတ်အနိုင်ရလိုက်တာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အောင်ပွဲပါပဲ။ ဒါပေမဲ့ ဂိုးပြတ်အနိုင်ရထားတယ်ဆိုပြီး ပေါ့ဆလို့မရဘဲ ရီးယဲလ်က ခြိမ်းခြောက်နိုင် စွမ်းရှိနေပါတယ်။ ဘာနေဗျုးမှာ သူတို့အတွက် အခွင့်အရေးကောင်းတွေ ရှိနေပါသေးတယ်။ ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲချင်ပြီး နောက်ထပ်ခြေလှမ်းတွေ ကျော်ဖြတ်ရပါဦးမယ်"လို့ ပြောခဲ့တယ်။ အာဆင်နယ်အတွက် ပထမဆုံးချန်ပီယံလိဂ် အောင်ပွဲဟာ မျှော်လင့်ချက်ပိုအားကောင်းလာပြီ။ ချန်ပီယံလိဂ်ဘုရင် ရီးယဲလ်ကိုအပြတ်အသတ် အနိုင်ယူပြပြီးနောက် အာဆင်နယ်ဟာ ချန်ပီယံ လိဂ်ပိုင်ရှင်အသစ်ဘဝကို ခပ်ရဲရဲမျှော်လင့်ခွင့် ရှိ လာတယ်။
The Magic Number
ကျောနံပါတ် ၄၁ ဆိုတာ တကယ်ထူးခြားပါတယ်။ အရင်တုန်းက စီးရီးအေကစားသမားတွေစတိုင်ထုတ်ပြီး ကျောနံပါတ်ကိန်းဂဏန်းအကြီး တွေ၊ ၇၇ ၊ ၉၉ တို့လို ဝတ်ဆင်ဖူးပါတယ်။ ဒက်ကလန်ရိုက်စ်ကရော ကျောနံပါတ် ၄၁ ကို ဘာလို့ များရွေးချယ်ရသလဲ။ ဘဝမမေ့တတ်တဲ့ ဒက်ကလန်ရိုက်စ်ရဲ့ စိတ်ထားကြောင့်ပါပဲ။ ဝက်စ်ဟမ်းအကယ်ဒမီကစားသမားဘဝတုန်းက ဒက်ကလန် ရိုက်စ်ကို ကျောနံပါတ် ၄၁ ဝတ်ဆင်ဖို့ သတ်မှတ်ပေးခဲ့တယ်။ ဒီတော့ ၄၁ ဟာ သူ့ဘဝရဲ့ အစ၊ ကံ ကာင်းခြင်းနံပါတ်ဆိုပြီး ဒက်ကလန်ရိုက်စ် ခံယူခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အာဆင်နယ်မှာ ကျောနံပါတ် ၄၁ က ဒက်ကလန်ရိုက်စ်နဲ့ ရေစက်ဆက်ဆုံခဲ့ပါတယ်။ ကျောနံပါတ် ၄၁ ဟာ ဒက်ကလန်ရိုက်စ်ရဲ့ Magic Number ပါပဲ။
Idol နဲ့ အသင်းဖော်ဖြစ်ခွင့်ရပြီ
အတိတ်မှာ သဘောအကျဆုံး ကစားသမား ဘယ်သူလဲလို့ ဒက်ကလန်ရိုက်စ်ကို မေးတဲ့အခါ ဘူးစကွက်စ်၊ ကွန်တေ၊ ဗီယာရာ၊ ယာယာတိုရေးစတဲ့ ကွင်းလယ်အကျော်အမော်တွေရဲ့ နာမည် ရွတ်ပြတယ်။ ဗီယာရာနဲ့ ယာယာတိုရေးတို့ရဲ့ဟန်ကို အတုခိုးခဲ့ရတယ်လို့လည်း ဒက်ကလန်ရိုက်စ် ဝန်ခဲ့တယ်။ ဒါပေမဲ့ ကွင်းထဲမှာ သူတွဲကစားချင်ဆုံးကစားသမားက အထက်ပါ နာမည်ကျော်တွေ မဟုတ်ဘူး။ ဒက်ကလန်ရိုက်စ်က "ကျွန်တော်ကစားတဲ့ပွဲတွေ ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကို သုံးသပ်ပြင်ဆင်တယ်။ ဂျော်ဂျင်ဟိုကိုလည်း ကျွန်တော် အတုခိုးပါတယ်။ ဂျော်ဂျင်ဟိုရဲ့ ကစားဟန်နဲ့ ဘောလုံးပေးပို့မှုတွေဟာ သိပ်ကောင်းမွန်ပြီး ကျွန်တော် သဘောကျတယ်။ သူနဲ့အတူ တွဲကစားချင်တယ်" လို့ ပြောခဲ့ဖူးတာပါပဲ။
ပထမဆုံးဂိုးကို အာဆင်နယ်နဲ့ပွဲမှာသွင်း
ဒက်ကလန်ရိုက်စ်ရဲ့ ဝက်စ်ဟမ်းကစား သမားဘဝပထမဆုံးဂိုးက အာဆင်နယ်ဘက်ကို သွင်းယူခဲ့တာပါပဲ။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်းကစားတဲ့ အာဆင်နယ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ဒက်ကလန်ရိုက်စ်က ဝက်စ်ဟမ်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အာဆင်နယ်ကို တုနှိုင်းမမီ အူနိုင်းအမ်မရီ တာဝန်ယူနေချိန် ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စက္ကန့်တိုင်း
၂၀၁၉-၂၀ ရာသီမှာ ဒက်ကလန်ရိုက်စ်က ပရီးမီးယားလိဂ်ပွဲတိုင်း၊ ပွဲချိန်ပြည့်ကစားတဲ့ စတုတ္ထမြောက် အသက်(၂၁)နှစ်အောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒက်ကလန်ရိုက်စ်ထက်အရင် အဲဒီမှတ်တမ်း ပိုင်ဆိုင်ဖူးသူတွေက ဂယ်ရီကယ်လီ၊ လမ်းပတ်နဲ့ ဝိန်းဘရစ်ချ်တို့ပါ။ ဒက်ကလန်ရိုက်စ်က သူ့ရဲ့အမိုက်စားကြံ့ခိုင်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး၂၀၂၁ ၂၂ ရာသီ၊ ၂၀၂၂ ၂၃ ရာသီတွေနဲ့ အာဆင်နယ်ကို ရောက်တဲ့ ၂၀၂၃ ၂၄ ရာသီတွေမှာ မမောနိုင်မပန်းနိုင်ပေးဆပ်ခဲ့ပါတယ်။
အသက်အရွယ်နဲ့ မမျှအောင် ရင့်ကျက်တည်ငြိမ်သူ
ဒက်ကလန်ရိုက်စ်က ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်တဲ့ နဝမမြောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ဖူးတယ်။ သူက အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တည်ငြိမ်တယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဒက်ကလန်ရိုက်စ်က ဘောလုံးပိုင်ဆိုင်မှု အများဆုံးနဲ့ ကြားဖြတ်လုယူနိုင်မှုအများဆုံးကစားသမားဖြစ်ခဲ့သလို၊ ဘောလုံးသယ်ယူနိုင်မှုနဲ့ လျှောထိုးဖျက်ထုတ်မှုအများဆုံး ထိပ်ဆုံးကစားသမားဆယ်ဦး စာရင်းဝင်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ပြီးရင် ခံစစ်ကနေ တိုက်စစ်အကူးအပြောင်းပြု လုပ်နိုင်မှု အများဆုံးကစားသမားအဖြစ်လည်း ဒက်ကလန်ရိုက်စ် ရပ်တည်ခဲ့တယ်။
ဂန္ထဝင်အသင်းခေါင်းဆောင်
ဝက်စ်ဟမ်းနဲ့အတူ ကွန်းဖရန့်လိဂ် ချန်ပီယံဆုဆွတ်ခူးနိုင်ပြီးနောက် ဒက်ကလန်ရိုက်စ်ဟာ ဂန္ထဝင်အသင်းခေါင်းဆောင် ဖြစ်ခဲ့ပါပြီ။ အသက် ၂၄ နှစ်၊ ၁၄၄ ရက်နဲ့ ဒက်ကလန်ရိုက်စ်က အသက်အငယ်ဆုံးနဲ့ ဆုဖလားကိုင်မြှောက်နိုင်တဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဖြစ်လာတာပါပဲ။ ဒက်ကလန်ရိုက်စ်က ၁၉၆၅ Cup Winner's Cup ဖိုင်နယ်မှာ ဝက်စ်ဟမ်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်ဂန္ထဝင် ဘော်ဘီမိုးနဲ့ ဂုဏ်ရည်တူ သတ်မှတ်ခံရပါတယ်။