
အာဆင်နယ်က ရီးယဲလ်မက်ဒရစ်ကို (၃-ဝ) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဗြိတိန်ပေါ့ပ် အဆိုတော် ဒူးအာလီပါကို မြင်တွေ့လိုက်ရတော့ ဘောလုံးပရိသတ်တချို့ အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒူးအာလီပါက လီဗာပူးလ်ပရိသတ်လို့ ဖွင့်ဟဝန်ခံခဲ့ဖူးတာကြောင့်ပါ။
အာဆင်နယ်က ရီးယဲလ်မက်ဒရစ်ကို (၃-ဝ) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဗြိတိန်ပေါ့ပ် အဆိုတော် ဒူးအာလီပါကို မြင်တွေ့လိုက်ရတော့ ဘောလုံးပရိသတ်တချို့ အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒူးအာလီပါက လီဗာပူးလ်ပရိသတ်လို့ ဖွင့်ဟဝန်ခံခဲ့ဖူးတာကြောင့်ပါ။
ဒူးအာလီပါနဲ့ လီဗာပူးလ်ပရိသတ်တွေကြားမှာ မေ့မရနိုင်တဲ့ ဆက်နွယ်မှုတစ်ခုလည်း ရှိနေပါတယ်။ ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာ ကျင်းပခဲ့တုန်းက ဒူးအာလီပါက သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ ယှဉ်ပြိုင်ကစားခဲ့တာကြောင့် လီဗာပူးလ်ပရိသတ် (၃၀၀၀၀)ကျော် လာရောက်အားပေးခဲ့ကြပြီး ဒူးအာလီပါသီဆိုတဲ့ One Kiss သီချင်းက လီဗာပူးလ်ပရိသတ်တွေရဲ့ ရင်ထဲစွဲသွားခဲ့ပါတယ်။ အဲဒီဗိုလ်လုပွဲမှာ လီဗာပူးလ် ရှုံးခဲ့ပေမဲ့ ၂၀၂၁-၂၂ ရာသီ လိဂ်ဖလားမှာ ဗိုလ်စွဲတော့ လီဗာပူးလ်ကစားသမားတွေနဲ့ ပရိသတ်တွေက One Kiss သီချင်းနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။ ဒူးအာလီပါက လီဗာပူးလ်ဂန္ထဝင် ကာရေဂါနဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့ဖူးပါတယ်။ လန်ဒန်မှာ မွေးတဲ့ ဒူးအာလီပါက အင်တာဗျူးတစ်ခုမှာ သူက လီဗာပူးလ်အသင်းရဲ့ ဂုဏ်ထူးဆောင်ပရိသတ်ဖြစ်ကြောင်းနဲ့ လီဗာပူးလ်အသင်းက သူ့ရဲ့ နှလုံးသားထဲမှာ အမြဲရှိကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဖေနဲ့ အစ်ကိုက အာဆင်နယ်ပရိသတ်တွေဖြစ်တာကြောင့် လီဗာပူးလ်ကို အားပေးရတာ ခက်ခဲခဲ့တယ်လို့လည်း ဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဒူးအာလီပါက ၂၀၂၃ ခုနှစ်အတွင်း အာဆင်နယ်အင်္ကျီဝတ်ပြီး အာဆင်နယ်ပွဲ သွား ကြည့်ခဲ့ဖူးသလို၊ အခုလည်း အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲမှာ မြင်တွေ့ခဲ့ရပြန်ပါပြီ။ ဒါကြောင့် ဘောလုံးပရိသတ်တချို့က သူ့ကို လီဗာပူးလ်လား အာဆင်နယ်လားလို့ မေးခွန်းထုတ်ခဲ့ကြတာပါ။ နာမည်ကျော် ဆယ်လီတွေရဲ့ အားပေးမှုကို ဂုဏ်ပြု ပျော်ရွှင်ကြတဲ့ အာဆင်နယ်ပရိသတ်တချို့က တော့ လီဗာပူးလ်ပရိသတ်တွေကို စိတ်မကောင်းပါ ဘူးလို့ လှောင်ပြောင်ခဲ့ကြပါတယ်။