
■ လာလီဂါပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်
ဗလင်စီယာ - ဆီဗီလာ (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် နံနက် ၁:၃၀ နာရီ)
ဗလင်စီယာကတော့ တန်းဆင်းဇုန်အန္တရာယ်နဲ့ ဝေးရာကို တဖြည်းဖြည်း ရောက်လာပါပြီ။ အသင်းကစားပုံလည်း တစ်ပွဲပြီး တစ်ပွဲတိုးတက်မှုပြနေတယ်။ ဆီဗီလာက အဝေးကွင်းမှာ အားနည်းတတ်လို့ ဗလင်စီယာကို အနိုင်ရဖို့ မဖြစ်နိုင်လောက်ဘူး။ သရေကျမယ်။ ဂိုးနည်းမယ်။
■ စီးရီးအေပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
အူဒီးနီးစ် - အေစီမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)
အူဒီးနီးစ်က နောက်ဆုံး (၃)ပွဲဆက် ရှုံးခဲ့ပြီး တိုက်စစ်ကလည်း ရုန်းကန်လာရတယ်။ ဒါ့အပြင် အူဒီးနီးစ်ရဲ့ အမှတ်ပေးဇ ယားရပ်တည်မှုအနေအထားကိုကြည့်ရင် အဆင့်(၁၁)နေရာကို ရောက်နေပြီး ဘာမျှော်လင့်ချက်မှမရှိတော့ဘူးလို့ ဆိုနိုင်ပါတယ်။ အေစီမီလန်ကလည်း ခံစစ်ကပေးဂိုးနှုန်းများနေပြီး တည်ငြိမ်ဖို့ ရုန်းကန်နေရတုန်းပဲ။ အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်ပြီး အေစီမီလန် ကပ်နိုင်ဖို့များတယ်။
■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်
ဝုလ်ဖ်ဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် နံနက် ၁:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း သုံးပွဲဆက် အရေးနိမ့်ပြီး နိုင်ပွဲပျောက်နေတာ (၄) ပွဲအထိ ရှိလာခဲ့တယ်။ လိုက်ပ်ဇစ်ကလည်း အဝေး ကွင်း (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတယ်။ ဝုလ်ဖ်ဘတ် အမှတ်ရလိမ့်မယ်။
■ ပြင်သစ်လီဂူးပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်
လန်းစ် - Reims (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် နံနက် ၂:၁၅ နာရီ)
လန်းစ်က အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက် နိုင်ခဲ့ပေမဲ့ သွင်းဂိုးတွေအတွက် ရုန်းကန်နေရတုန်းပဲ။ Reims နဲ့ပဲ စွန့်စားသင့်ပါတယ်။