
မန်စီးတီး - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ညနေ ၆:၀၀ နာရီ)
မန်စီးတီးအတွက် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က တော်တော်လေး အရေးကြီးနေတယ်။ ပုံမှန်အားဖြင့် မန်စီးတီး အတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာဆိုတာ ခေါင်းထဲ ထည့်ထားစရာမလိုတဲ့အနေအထားဆိုပေမယ့် ဒီရာသီ အခြေအနေအရ မန်စီးတီးအသင်းလည်း အမှားတွေများရင် အမှတ်ပေးဇယားမှာ အဆင့် (၅) အပြင်ကို ရောက်သွားနိုင်ခြေရှိတယ်။ ဒီပွဲက မန်စီးတီး အိမ်ကွင်းဆိုပေမဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ အဝေးကွင်းခြေစွမ်းက ဒီရာသီမှာ တော်တော်လေး ကြောက်စရာကောင်းပါတယ်။ အဝေးကွင်းပွဲစဉ်တွေမှာ ခံစစ်ပိုင်းအားကောင်းလွန်းသလို၊ ထိရောက်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ပြိုင်ဘက်အသင်း တော်တော်များများကို အလဲထိုးခဲ့တာကို မြင်ရတယ်။ ဟာလန်းမပါတဲ့ တိုက်စစ်ပိုင်းကို မာမွတ်ရှ်ဦးဆောင်ကစားနေပေမယ့် အရှိန်အဝါပိုင်းရော၊ နေရာယူပုံ၊ ပြိုင်ဘက်ကို အသာစီးယူနိုင်ပုံတွေမှာပါ တော်တော်လေး ကွာခြားပါတယ်။ ဒါကြောင့် မန်စီးတီး နိုင်ပွဲကို ခက်ခက်ခဲခဲ ရှာဖွေရမယ့် ပွဲတစ်ပွဲဖြစ်နိုင်တယ်။
ဘရိုက်တန် - လက်စတာ (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၈:၃၀ နာရီ)
သချင်္ာနည်းအရဆိုရင် ဘရိုက်တန်က ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိသေးတယ်။ အဆင့် (၅) နေရာက အသင်းနဲ့ (၈) မှတ်ကွာအနေအထားက ကိုယ့်အလုပ်ကိုယ်ကောင်းကောင်းလုပ်နိုင်ရင် ဖြစ်လာနိုင်ခြေရှိပါတယ်။ ဒီပွဲကတော့ ဘရိုက်တန်နိုင်ပွဲ ယူထားမယ့်ပွဲပါ။ နောက်ပွဲတွေကိုပဲ စောင့်ကြည့်ရမယ်။
နော်တင်ဟမ်ဖောရက်စ် - အဲဗာတန် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၈:၃၀ နာရီ)
နော်တင်ဟမ်က အဆင့် (၆) နေရာက မန်စီးတီးကို (၅) မှတ် ဖြတ်ထားတယ်။ ဒါပေမဲ့ ဒီတစ်ပတ်ပွဲမှာသာ သရေကျပြီး ချယ်လ်ဆီး၊ နယူးကာဆယ်၊ မန်စီးတီးတို့ နိုင်ပွဲယူနိုင်ခဲ့ရင် အမှတ်က တစ်ပွဲစာအကွာအဝေးလောက်ကို ရောက်သွားမှာ။ နော်တင်ဟမ် အနိုင်ကစားဖို့လိုတယ်။ နိုင်ဖို့လည်း ရှိပါတယ်။
ဆောက်သမ်တန် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၈:၃၀ နာရီ)
တန်းဆင်းသွားတဲ့ ဆောက်သမ်တန်ဆီက (၃) မှတ်ယူထား လိုက်ရင် အက်စတွန်ဗီလာက အပေါ်က အသင်းတွေကို ဖိအားဆက်ပေးထားနိုင်တယ်။ အက်စတွန်ဗီလာက ချန်ပီယံလိဂ်ကစားထားရလို့ ပွဲပန်းနေနိုင်ပေမဲ့ ဆောက်သမ်တန်ကို အနိုင်ကစားဖို့ကတော့ မခက်ပါဘူး။
အာဆင်နယ် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၁၁:၀၀ နာရီ)
အာဆင်နယ်အသင်းက ရီးယဲလ်မက်ဒရစ်ကို (၃) ဂိုးပြတ် အနိုင်ယူပြခဲ့ပြီးတဲ့နောက် ယုံကြည်မှု ပိုအားကောင်းလာတယ်။ ဒါပေမဲ့ အာတေတာ အရွေးမမှားဖို့လိုတယ်။ မတွေဝေဖို့လိုတယ်။ ဖြစ်နိုင်ရင် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံအိပ်မက်ကို လက်လွှတ်လိုက်ခြင်းက လက်တွေ့ကျပြီး ပိုအားဖြစ်စေလိမ့်မယ်။ ပရီးမီးယားလိဂ်မှာ ပေါ့ပေါ့းပါးပါးပဲ ကစားပြီး ဥရောပကို ပိုအာရုံစိုက်သင့်တဲ့ အခြေအနေကိုရောက်နေပြီ။ ဘရန့်ဖို့ဒ်ကို ကြိုက်တယ်။