Eleven Media Group

■ လာလီဂါပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဆိုစီဒက် - မာယော့ကာ (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၆:၃၀ နာရီ)
ဆိုစီဒက်ကတော့ လာလီဂါဘက်ကို အာရုံစိုက်ကစားလာနေပါပြီ။ ခုနောက်ပိုင်း ဂိုးသွင်းနှုန်းလည်း ပြန်တက်လာနေလို့ အဝေးကွင်း ပုံမှန်မရှိသေးတဲ့ မာယော့ကာကို အနိုင်ယူဖို့ ဆိုစီဒက်အတွက် မခက်လောက်ဘူး။ ဆိုစီဒက်နဲ့ ဂိုးအများပဲ ကောင်းမယ်။


ဂီတာဖေး - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၈:၄၅ နာရီ)
လက်စ်ပါမားစ်ရဲ့လက်ရှိခြေစွမ်း၊ ခံစစ်ပိုင်းလျှော့ကျနေမှုနဲ့တော့ အိမ်ကွင်းမာတဲ့ ဂီတာဖေးကိုလည်း ထိန်းနိုင်ဖို့ရှိဦးမယ် မထင်ဘူး။ ဂီတာဖေးနဲ့ ဂိုးအများကိုပဲ ရွေးထားရမယ့်ပွဲ ဖြစ်နေတယ်။


ဆယ်လ်တာဗီဂို - အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၁၁:၀၀ နာရီ)
နှစ်သင်းစလုံး ခြေစွမ်းငြိမ်နေကြတယ်။ အထူးသဖြင့်နောက်ဆုံး (၂) ပွဲမှာ အက်သလက်တီကိုနဲ့ သရေ၊ ဗယ်လက်ကာနိုကို ဂိုးပြတ်နိုင်တဲ့ အက်စ်ပန်ညို ပိုကောင်းသလိုတွေ့ရတယ်။ ဒီပွဲမှာလည်း ဆယ်လ်တာကို သရေကစားနိုင်တယ်။ ဂိုးနည်းမယ်။


လီဟာနက်စ် - ဘာစီလိုနာ (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် နံနက် ၁:၃၀ နာရီ)
ပထမအကျော့တုန်းက ဘာစီလိုနာကွင်းမှာ လီဟာနက်စ်က (၁-၀)နဲ့ အနိုင်ကစားထားလို့ အခု လီဟာနက်စ်ကွင်းမှာပြန် ကစားရမယ့်ပွဲအတွက် ဘာစီလိုနာ သတိထားရလိမ့်မယ်။ ဘာစီလိုနာကလည်း ချန်ပီယံလိဂ်ဘက်ကို အာရုံပိုစိုက်ထားသလို ဖြစ်နေပြီး ဒီပွဲက ချန်ပီယံလိဂ် (၂) ပွဲကြားမှာ ကစားရမယ့်ပွဲလည်း ဖြစ်နေတယ်။ လီဟာနက်စ်က တန်းဆင်းအန္တရာယ်ရှိနေလို့ ဘာစီလိုနာကို အိမ်ကွင်းမှာ အတတ်နိုင်ဆုံး တောင့်ခံကစားမှာ သေချာပါတယ်။ ဘာစီလိုနာအနေနဲ့ ချန်ပီယံဆုအတွက် အတိမ်း အစောင်းမခံလို့ ပထမအကျော့ရှုံးကြွေးကို ဆပ်နိုင်ဖို့ ကြိုးစားလာမှာပါ။ ဘာစီလိုနာနဲ့ ဂိုးအများပါပဲ။

မူရင်းသတင်း — Eleven Media Group