
ဗင်နီဇီယာ - မွန်ဇာ (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၇:၃၀ နာရီ)
ဗင်နီဇီယာက တန်းမဆင်းရဖို့ ရုန်းကန်နေပြီး အိမ်ကွင်းမာဂုဏ်လည်း မြင့်တယ်။ မွန်ဇာကတော့ တကယ်ကို စိတ်ပျက်စရာ များနေပြီး တန်းပြန်ဆင်းရမယ့်အသင်းပါ။ ဗင်နီဇီယာကို ကြိုက်တယ်။
အင်တာမီလန် - ကာဂလီယာရီ (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၁၀:၃၀ နာရီ)
လက်ရှိချန်ပီယံ အင်တာမီလန်က နောက်ဆုံးပွဲမှာ ပါးမားကို သရေပဲ ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ အင်တာမီလန်ရဲ့ ကွင်း တွင်းခြေစွမ်းက အကောင်းဆုံးပုံစံမှာ ရှိနေဆဲဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်လိုအသင်းကိုတောင် အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ ပြီးခဲ့တဲ့ရာသီ မီလန်မြေတွေ့ဆုံမှုက သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ လူမစုံရင်တောင် အင်တာမီလန် အနိုင်သေချာပါတယ်။
ဂျူဗင်တပ်စ် - လက်ချီ (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)
ဂျူဗင်တပ်စ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတော့တဲ့ အနေအထားကို ရောက်လာတယ်။ နည်းပြ မော့တာ မရှိတော့ပေမဲ့ နောက်ဆုံးပွဲမှာ ရိုးမားကို သရေကစားနိုင်ခဲ့တယ်။ တူရင်မြေမှာတော့ လက်ချီအသင်းအနေနဲ့ ဂျူဗင်တပ်စ်ကို ယှဉ်နိုင်ဖို့မရှိပါဘူး။ ဂျူဗင်တပ်စ် အနိုင်သေချာတယ်။