
လေဗာကူဆင် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၈:၀၀ နာရီ)
လေဗာကူဆင်အသင်း ဖလားပြိုင်ပွဲတွေက ထွက်ခဲ့ရပြီဖြစ်လို့ လက်ကျန်အမှတ်ပေးပွဲတွေကို ဖိဖိစီးစီး ကစားလိမ့်မယ်။ အူန်ယွန်းဘာလင်အသင်း ရလဒ်ကောင်းနေပေမဲ့ လေဗာကူဆင်ပဲ ကြိုက်တယ်။
ဟော်ဖန်ဟင်မ် - မိန့်ဇ် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၈:၀၀ နာရီ)
မိန့်ဇ်အသင်း သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့ပေမဲ့ ထိပ်ဆုံးလေးသင်းပြင်ပတော့ ရောက်မသွားသေးဘူး။ အဝေး ကွင်းမှာ မိန့်ဇ် မရှုံးလောက်ဘူး။
မိုချန်ဂလာဘတ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၈:၀၀ နာရီ)
အမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေတဲ့ အသင်းတွေဖြစ်ပေမဲ့ လတ်တလော Form မှာတော့ များစွာ ခြားနားနေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နှစ်သင်းစလုံး အမှားခံလို့မရတဲ့ပွဲလည်း ဖြစ်နေတယ်။ မိုချန်ဂလာဘတ်အ သင်း အိမ်ကွင်းနောက်ဆုံးပွဲမှာ လိုက်ပ်ဇစ်ကို အနိုင်ကစားထားပေမဲ့ ဒီရာသီ အိမ်ကွင်း စိတ်မချရပါဘူး။ ဖရိုင်းဘတ် အမှတ်ရနိုင်တယ်။
ဘိုဟုမ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၈:၀၀ နာရီ)
အော့စ်ဘတ်အနေနဲ့ ဘိုင်ယန်နဲ့တွေ့တော့မှ ရှုံးပွဲနဲ့ ပြန်ရင်ဆိုင်ခဲ့ရတယ်။ အော့စ်ဘတ် အမှတ်သိပ်မလိုလို့ ဘိုဟုမ်နဲ့ပဲ စွန့်စားသင့်တယ်။
ဟော်စတိုင်ကီလ် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၈:၀၀ နာရီ)
ပြီးခဲ့တဲ့ရာသီက တန်းအတူတက်လာတဲ့ အသင်းတွေဖြစ်ပေမဲ့ ဆန့်ပေါ်လီက လက်ရှိခြေစွမ်း ပိုသာသလို၊ နောက်ဆုံးတွေ့ဆုံမှု (၄)ပွဲဆက် အနိုင်ရခဲ့တယ်။ ဆန့်ပေါ်လီ အမှတ်ရလိမ့်မယ်။
ဘိုင်ယန်မြူးနစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၁၁:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဒီပွဲထက် အီတလီမြေမှာ သွားကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲကိုပဲ ပိုအာရုံရောက်နေနိုင်တယ်။ ရာသီအဆုံးသတ်ပိုင်း အရေးအကြီးဆုံးချိန်ရောက်လာတော့မှ မူဆီယာလာလို ကစားသမားမျိုး ဒဏ်ရာရသွားတာ ဘိုင်ယန်တိုက်စစ်မှာ အတော်သိသာခဲ့တယ်။ ဒေါ့မွန်ကလည်း ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဦးမယ်။ ဒါပေမဲ့ မိန့်ဇ်၊ ဖရိုင်းဘတ်လိုအသင်းတွေကို နှစ်ပွဲ ဆက် အနိုင်ကစားထားလို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပြန်ရှင်သန်လာပြီး စိတ်ဓာတ်တက်နေနိုင်တယ်။ ဘိုင်ယန် နိုင်ရင်တောင် ဂိုးမပြတ်လောက်ဘူး။