
မိုနာကို - မာဆေးလ် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၉:၃၀ နာရီ)
မိုနာကိုက အဝေးကွင်းပွဲတွေဆိုရင် အမှတ်လေလွင့်မှုများပေမဲ့ အိမ်ကွင်းရလဒ်ပိုင်းကတော့ အတော့်ကို အားရစရာ ကောင်းတယ်။ အထူးသဖြင့် အိမ်ကွင်းဆိုရင် တိုက်စစ်ပိုင်းက ဂိုးမြူးလေ့ရှိတာ တွေ့ရတယ်။ နည်းပြ ဒီဇယ်ဘီရဲ့ မာဆေးလ်ကတော့ နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိရှုံးပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများလာတယ်။ ခံစစ်က အဲဒီ(၄)ပွဲမှာ တစ်ပွဲပျမ်းမျှ (၂.၂၅)ဂိုးနှုန်းပေးခဲ့ရတယ်။ ဒါကြောင့် မိုနာကိုကွင်းမှာ မာဆေးလ်အသင်းအတွက် လွယ်ကူမှာတော့ မဟုတ်ဘူး။ (၂) သင်းပေါင်းသွင်းဂိုးများနိုင်ပြီး မိုနာကို သရေနဲ့ အနိုင်ပဲလို့ ထင်မိတယ်။
တူးလူး - လိုင်လီ (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် ည ၁၁:၃၀ နာရီ)
တူးလူးက အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပြီး ဘာဖိအားမှလည်း မရှိဘူး။ လိုင်လီ နိုင်ပွဲပြန်ရမယ့် ပွဲမျိုးလို့ ထင်မိတယ်။
စထရာဘိုး - နိုက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် နံနက် ၁:၃၅ နာရီ)
စထရာဘိုးက ပုံစံကောင်းတောက်လျှောက်ပြနေပြီး လီဂူး နောက်ဆုံး (၅)ပွဲဆက် အနိုင်ရခဲ့တယ်။ နိုက်စ်ကတော့ ရလဒ်ပိုင်းကျဆင်းနေပြီး အဆင့်(၆)အထိရောက်သွားတယ်။ စထရာဘိုးနဲ့ ရပ်တည်သင့်တယ်။