
ချယ်လ်ဆီး - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၇:၃၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက လုံးဝအမှားမခံသလို၊ သေရေးရှင်ရေး ဖြစ်နေတဲ့အခြေအနေမှာ ဒီလိုပွဲမျိုးကနေ ချယ်လ်ဆီး (၃) မှတ်မယူနိုင်ရင်တော်တော်လေး စိတ်ဓာတ်ပျက်စီးသွားနိုင်တယ်။ နိုင်ပါ့မလားလို့ မေးခွန်းထုတ်ရမယ့် ပွဲမျိုးမဟုတ်ဘဲ စွမ်းဆောင်ရည်ကောင်းပြပြီးနိုင်မလားဆိုတာကို မေးခွန်းထုတ်ရမယ့် ပွဲမျိုးဖြစ်ပါတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ ဒီပွဲကိုတော့ ချယ်လ်ဆီး (၃) မှတ်သက်သောင့်သက်သာယူနိုင်မယ်ထင်တယ်။
လီဗာပူးလ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၇:၃၀ နာရီ)
လီဗာပူးလ်က လက်ကျန် (၇) ပွဲမှာ အာဆင်နယ်ကို (၁၁) မှတ်ဖြတ်ထားတယ်ဆိုတာ ချန်ပီယံဖြစ်ဖို့ လုံလောက်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ လီဗာပူးလ်က နည်းနည်းလေး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတာကို မြင်ရပေမဲ့ ပုံမှန်အားဖြင့် တော့ အားကောင်းတဲ့ ကစားဟန်ကို ပို်င်ဆိုင်ထားဆဲပါ။ ဝက်စ်ဟမ်းက ပိုမာကျောလာတဲ့အသင်းတစ်သင်းအဖြစ် မြင်ရပေမဲ့ မလုံလောက်ပါဘူး။ အဝေးကွင်းပွဲစဉ်တွေမှာလည်း အားနည်းပါတယ်။ လီဗာပူးလ် နိုင်မယ်။
ဝုလ်ဗ် - စပါး (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၇:၃၀ နာရီ)
ဝုလ်ဗ်က တန်းဆင်းဇုန် အန္တရာယ်အတွက် အနီးကပ်ဆုံးပြိုင်ဘက် အစ်ဝစ်ချ်ကို (၁၂) မှတ်ဖြတ်ထားပြီးပါပြီ။ ဒါကြောင့် အမှတ်တောင်သိပ်မလိုတော့ဘူးလို့ ပြောနိုင်တယ်။ လက်ကျန်ပွဲအားလုံး ရှုံးရင်တောင် အစ်ဝစ်ချ် (၁၂) မှတ်ယူနိုင်ဖို့က မလွယ်လို့ပါ။ စပါးအတွက်ကတော့ ဒီရာသီက အပေါ်မရောက်၊ အောက်မရောက်အခြေအနေဖြစ်ပြီး ဖိအားမဲ့၊ မျှော်လင့်ချက်မဲ့ပါပဲ။ တိုက်စစ်ကတော့ ကစားပုံတက်လာတယ်။ သရေလောက်ဖြစ်မယ်။
နယူးကာဆယ် - မန်ယူနိုက်တက် (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၁၀:၀၀ နာရီ)
မန်ယူနိုက်တက်အတွက်က ဒီပွဲတွေက သိပ်တော့အရေးမပါလှဘူး။ ဒါပေမဲ့ ပြန်တွေးကြည့်ရင် မန်ယူနိုက်တက်အသင်း က အဲ့ဒီလို အရေးမပါတဲ့ ပွဲတွေမှာ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ကစားတာက ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပေးနေတာတွေ့ရတယ်။ အသင်းက ယူရိုပါလိဂ်ဘက်ကို ပိုပြီး အာရုံစိုက်ရမယ်ဆိုတဲ့ စိတ်နဲ့ ပရီးမီးယားလိဂ်ကနေ ဘာကိုမှ မျှော်လင့်လို့မရတော့ဘူး ဆိုတဲ့ အချိန်မှာ ယူရိုပါလိဂ်မှာက ရာသီအစကတည်းက အရှိန်ကောင်းနေသလို၊ ပရီးမီးယားလိဂ်မှာလည်း ဖိအားကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါး၊ အားကောင်းကောင်းကစားနိုင်တာကို တွေ့ရတယ်။ နယူးကာဆယ်က အခုအချိန်မှာ မန်ယူနိုက်တက်အသင်း ထက် အစစအရာရာ ပိုအားကောင်းနေတဲ့အသင်းပါ။ ပိုမာကျောတဲ့ကွင်းလယ်၊ ကျစ်လျစ်တဲ့ ခံစစ်နဲ့ အားကောင်းတဲ့ တိုက်စစ်တွေကို ပိုင်ဆိုင်ထားတယ်။ နယူးကာဆယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကလည်း ပိုအားကောင်းနေပြီး ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့ အဓိက ပြိုင်ဆိုင်နေရတဲ့အနေအထားမှာ အမှားခံမယ်မထင်ဘူး။ နယူးကာဆယ်ကပ်နိုင်ဖို့ များတယ်။