Eleven Media Group

■ လာလီဂါပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်

အိုဆာဆူနာ - ဂျီရိုနာ (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ညနေ ၆:၃၀ နာရီ)
နှစ်သင်းစလုံးရဲ့ခြေစွမ်းက သာမန်လောက်ပါပဲ။ ဂျီရိုနာကတောင် ပိုအားနည်းသလို တွေ့ရပြီး အဝေးကွင်းလည်း အားရ စရာ သိပ်မရှိလှလို့ အိမ်ကွင်းခြေစွမ်းပိုကောင်းတဲ့ အိုဆာဆူနာကိုပဲ ရွေးထားချင်တယ်။ ဂိုးများသွားနိုင်တယ်။


အလာဗတ်စ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၈:၄၅ နာရီ)
ရီးယဲလ်မက်ဒရစ်ကလည်း ဘာစီလိုနာလိုပဲ ပွဲကျပ်တွေကြားမှာ ကျပ်ကျပ်တည်းတည်းသွားနေရတယ်။ အခုလည်း ချန်ပီယံလိဂ်ဘက်ကို အာရုံပိုပေးထားနိုင်လို့ အလာဗတ်စ်နဲ့ပွဲကို ထိန်းကစားသွားဖို့ပဲ များနေတယ်။ အလာဗတ်စ်ရဲ့ခုတလော ခြေစွမ်းကလည်း သိပ်မဆိုးလှဘူး။ ခံစစ်ငြိမ်ပြီး တိုက်စစ်က ဂိုးရဖို့ နည်းနည်းခက်ခဲနေတာတော့ ရှိတယ်။ ရီးယဲလ်အနေနဲ့ အလာဗတ်စ်ကို အစဉ်အလာသာလေ့ရှိပေမဲ့ အင်အားချွေတာဖို့ ရှိနေတာကြောင့် အနိုင်ရဖို့ ခက်နိုင်တယ်။ ဂိုးအနည်းသရေပွဲလို့ပဲ ထင်တယ်။


ဘက်တစ် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၁၁:၀၀ နာရီ)
အဆင့်အထက်၊ အောက် အမှတ်တူ (၂) သင်းရဲ့ပွဲက စိတ်ဝင်စားစရာတော့ ကောင်းနေတယ်။ ဒါပေမဲ့ ဘက်တစ်က ယူရိုပါကွန်းဖရန့်လိဂ် (၂) ပွဲနဲ့ အာရုံမျှနေရချိန်ဖြစ်လို့ ဗီလာရီးယဲလ်သာ ထိန်းကစားနိုင်ရင် သရေတစ်မှတ်လောက်တော့ ရအောင်ယူသွားနိုင်ဖို့ များနေတယ်။ ဘက်တစ် အိမ်ကွင်းဖြစ်နေပေမဲ့ ခြေစွမ်းထက်နေတဲ့ ဗီလာရီးယဲလ်ကိုပဲ ရွေးထားချင်တယ်။ ဂိုးအနည်းသရေပွဲဖြစ်မယ် ထင်တယ်။


ဘီလ်ဘာအို - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် ဧပြီလ ၁၄ ရက် နံနက် ၁:၃၀ နာရီ)
ဘီလ်ဘာအိုကလည်း ယူရိုပါလိဂ်ဘက်ကို ပုံအောထားပုံပဲ။ လာလီဂါ (၂) ပွဲဆက် နိုင်ပွဲပျောက်၊ ဂိုးပေါက်ပျောက်ပါ ဖြစ်နေ တယ်။ ဒီခြေစွမ်းနဲ့တော့ အဝေးကွင်းမှာ ကစားတတ်တဲ့ ဗယ်လက်ကာနိုကိုလည်း အနိုင်ရဖို့ ခက်ဦးမယ်ထင်တယ်။ ဂိုးအနည်းသရေပွဲပဲ မှန်းထားချင်တယ်။

မူရင်းသတင်း — Eleven Media Group